မင်းတပ်မြို့အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

မင်းတပ်မြို့အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

ဓာတ်ပုံ - Salai Har Ling

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီး၊ ဖွီကျေးရွာကို ယမန်နေ့ည ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ဦးနှင့် ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးကြောင်း မင်းတပ်ဒေသခံများက ပြောသည်။

ဧပြီလ ၉ ရက် ည ၈ နာရီ ၄၄ မိနစ်ခန့်တွင် တိုက်နယ် ၄၊ ဖွီကျေးရွာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး အသုံးပြု၍ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ၉ နာရီထိုးခါးနီးတွင် ဂျက်ဖိုက်တာဖြင့် ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံးကို ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့ညက မင်းတပ်မြို့အနီး ဖွီကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲလို့ မိသားစု (၅) ယောက်စလုံးနဲ့ ဘာသာရေးဆရာတော်တပါး သေသွားတယ်။ အဲဒီက ရွာသားတွေထဲ ထိခိုက်ဒဏ်ရာရတာက ၇ ဦးလောက်ရှိတယ် ကြားတယ်” ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။

သေဆုံးသူများတွင် မိသားစုတစ်စုမှ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး သေဆုံးသွားပြီး ဓမ္မအမှုတော်ဆောင် ပါစတာဖြစ်သူ Se Thang လည်း သေဆုံးခဲ့ကြောင်း၊ ဒေသခံရွာသား ၇ ဦးခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း တီးတိန်မြို့နယ်၊ ဆိုင်းဇန် (Saizang) ကျေးရွာကို တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှစတင်၍ ဒေသခံပြည်သူစစ်ဘေးရှောင်များကို မင်းတပ်မြို့ပေါ်မှာ ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF - မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်ဒေသအဖြစ် ကြေညာထားသော်လည်း စစ်ကောင်စီသည် မတ်လ အစပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်။

Most read this week

August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...
August 8, 2026
နေရပ်စွန့်ခွာ မြန်မာပြည်သူများ အရေးကို လျစ်လျူရှုခဲ့သည့် စစ်အုပ်စု ခေါင်းဆောင်...
August 6, 2026
မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု...