ကလေးမြို့တွင် အသားဈေးအပါအဝင် အခြေခံစားသောက်ကုန်များ အဆမတန် မြင့်တက်နေ

ကလေးမြို့တွင် အသားဈေးအပါအဝင် အခြေခံစားသောက်ကုန်များ အဆမတန် မြင့်တက်နေ

မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်မှု နည်းပါးခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်တွင် အသားဈေးနှုန်းများအပါအဝင် အခြေခံစားသောက်ကုန်များ အဆမတန် မြင့်တက်နေသည်။

ကုန်ဈေးနှုန်းများ ထိုကဲ့သို့ အဆမတန် မြင့်တက်လာမှုကြောင့် အခြေခံ လူတန်းစားအများစုမှာ စားဝတ်နေရေး အတွက် ကြီးမားသည့် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကလေးမြို့ခံ အိမ်ရှင်မတစ်ဦးက ပြော သည်။

ကလေးမြို့ခံ အိမ်ရှင်မတစ်ဦးက “ဆန်တစ်မျိုးတည်း စားလို့ရတာမဟုတ်ဘူး။ အသားတွေဆိုရင် CP ကြက်တွေ၊ နားမလည်ဘူး အကုန်ဈေးတက်တာ။ ဝက်သား ၄ သောင်း၊ ရပ်ကွက်မှာပေါ်ရင်တော့ ၃ သောင်းနဲ့ရတယ်။ ရေ ရှည်မှာ အသားစားဖို့ ခက်လာမယ်။ ကော်ပီထုပ် အစိပ်သားကို ၃,၀၀၀ ပေးရတယ်၊ နေ့တိုင်းကြတော့ အရွက် ကြီးလည်း မဖြစ်ပြန်ဘူးလေ။ အခုက အသီးအရွက်ဈေးက အသားဈေးနဲ့ အတူတူဖြစ်လာတာ” ဟု ပြောသည်။

ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်အပြင် အများစုစားသုံးကြသည့် ကနန်ဧရာမင်းကော်ချက်အသစ် ဆန် တစ်အိတ်လျှင် ယခင်က ၉၀,၀၀၀ ကျပ်မှ ၁၃၀,၀၀၀ ကျပ်အထိရှိခဲ့ရာမှ ယခုအခါ ကနန်ဧရာမင်းကော်ချက် အဟောင်း တစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀ အထိ မြင့်တက်သွားသည်။

ထို့ပြင် မြေပဲဆီပုံးအဝါ တစ်ပုံးလျှင် ၁၉၈,၀၀၀ ကျပ်၊ နေကြာဆီတစ်ပုံးလျှင် ၁၇၅,၀၀၀ ကျပ်နှင့် မီးသွေး တစ်အိတ်လျှင် ၂၃,၀၀၀ ကျပ်မှ ၂၈,၀၀၀ ကျပ်အထိ မြင့်တက်နေပြီး အခြားစားသောက်ကုန် ဈေးနှုန်းများမှာ လည်း ကြက်ဥတစ်လုံးလျှင် ၇၀၀ ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၄၀,၀၀၀ ကျပ်၊ ယခင်က တစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်ရှိခဲ့သည့် ကြက်သားမှာလည်း ၄၀,၀၀၀ ကျပ်အထိ မြင့်တက်နေသည်။

တဆက်တည်းတွင်ပင် ဟင်းသီးဟင်းရွက် ဈေးနှုန်းများဖြစ်သည့် ခရမ်းချဉ်သီးတစ်ပိဿာ ၁၀,၀၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၁၄,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်နှင့် ကြက်သွန်နီတစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်အထိ ရှိလာနေသည်။

ယခုကဲ့သို့ အခြေခံစားသုံးကုန်ဈေးနှုန်းများ နေ့စဉ်နှင့်အမျှ မြင့်တက်နေခြင်းကြောင့် မိသားစုဝင်များသည့် အခြေခံလူတန်းစားများနှင့် သာမန်နေ့စားလုပ်သားများမှာ စားဝတ်နေရေးအတွက် ပိုမိုကျပ်တည်းလာကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် မန္တလေးမြို့ဘက်မှ ကလေးမြို့သို့ ကုန်ပစ္စည်းများ သယ်ယူရာ၌ မဟာမြိုင်ကားလမ်းပိုင်းကို အဓိက အသုံးပြုနေရသော်လည်း မိုးတွင်းကာလ လမ်းပန်းပျက်စီးမှုနှင့် ခရီးကြန့်ကြာမှုများ ကြုံတွေ့နေရခြင်းကြောင့် မြို့တွင်းသို့ ကုန်စည်ဝင်ရောက်ရန် ပိုမိုခက်ခဲလာခြင်းဖြစ်ကြောင်း ကုန်ကားသမားများက ဆိုသည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...