တွန်းဇံမြို့မှ ကျီးခါး ဇိုမီးအမျိုးသားနေ့သို့ သွားကြသော ဇိုမီးကလေးငယ် ၃ ယောက်ကို CNF/CNA အဖွဲ့သားများက မုဒိမ်းကျင့်ဆိုတဲ့ သတင်းမှား

တွန်းဇံမြို့မှ ကျီးခါး ဇိုမီးအမျိုးသားနေ့သို့ သွားကြသော ဇိုမီးကလေးငယ် ၃ ယောက်ကို CNF/CNA အဖွဲ့သားများက မုဒိမ်းကျင့်ဆိုတဲ့ သတင်းမှား

ချင်းပြည်နယ်၊ တွန်းဇံမြို့မှ ကျီးခါး ဇိုမီးအမျိုးသားနေ့သို့ သွားကြသော ဇိုမီးကလေးငယ် ၃ ယောက်ကို CNF/CNA အဖွဲ့သားများက မုဒိမ်းကျင့်သည်ဟု ဖေဖော်ဝါရီလ (၂၅) ရက်နေ့ရက်စွဲဖြင့် Voice Of Hornbill INC သတင်း အွန်းလိုင်းဖေ့ဘုတ်ပေ့ချ် စာမျက်နှာတွင် သတင်းမှား ရေးသားဖြန့်ဝေထားပါတယ်။

အိန္ဒိယနိုင်ငံ Champhai ဆေးရုံတွင် ဆေးကုသခံနေသည်ဟုလည်း သတင်းရရှိပါသည်။

“CNF/CNA နှင့် အဖွဲ့သားများသည် စစ်ကောင်စီကို အကြောင်းပြပြီး ဇိုမီးဒေသတွင် မတရားနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တိုက်ခိုက်ခြင်းတို့ကို ပြုလာပါသဖြင့် ဇိုမီးပြည်သူလူထုအားလုံး သတိထားသွားလာကြပါရန် အသိပေးပါသည်” ဟု ရေးသားဖော်ပြထားပါတယ်။

သတင်းအမှား ဖြန့်ချိထားသည့် မူရင်းသတင်းလင့်ခ်>>> https://tinyurl.com/4t35zwk4

အဆိုပါသတင်းမှာ ဖော်ပြထားတဲ့ သတင်းဟာ ကချင်လွတ်လပ်ရေးတပ်  KIO ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းထဲက အသက် (၁၀) နှစ်ဝန်းကျင်အရွယ်ရှိတဲ့ မိန်းကလေးငယ် (၃) ဦးဖြစ်ပြီးတော့ သူတို့တွေဟာ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပြန်ပေးဆွဲခံရခြင်းဖြစ်ပါတယ်။

ပြန်ပြေးဆွဲခံရတဲ့ ကလေးငယ် ၃ ဦးဟာ ပျောက်ဆုံးပြီး သုံးရက်အကြာမှာ အလောင်းကို လက်ပြန်ကြိုးတုပ် မျက်လုံးစည်းခံထားခံရတဲ့ အခြေအနေနဲ့ ရုပ်ပုံတွေဟာ ဖေဖော်ဝါရီလ (၂၅) ရက်မှာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီသတင်းကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့ကစပြီးတော့ ကချင်ပြည်နယ်က သတင်းဌာနဖြစ်တဲ့ Kachin News Group ၊ BBC Burmese အပါအဝင် The 74 Media နှင့် Zalen သတင်းဌာနအသီးသီးတွေမှာ သတင်းရေးသား ဖော်ပြထားတာဖြစ်ပါတယ်။

BBC Burmese>>> https://tinyurl.com/2hf4au6h

Kachin News Group>>> https://www.facebook.com/share/p/18pFCaWpTs/

The 74 Media>>> https://www.facebook.com/share/p/1BM9K15XSU/

Zalen>>> https://www.facebook.com/share/p/18oaQgMUiZ/

သတင်းစိစစ်တွေ့ရှိချက်

သတင်းအမှားဖြန့်ဝေတဲ့သူတွေ ဖော်ပြထားတဲ့ အကြောင်းအရာ၊ အချက်အလက်နှင့် ရုပ်ပုံတွေကို Khonumthung Fact-Checking Team က စိစစ်ကြည့်တဲ့အခါ ချင်းပြည်နယ်အတွင်းက ဖြစ်ပေါ်နေတဲ့ သတင်းမဟုတ်ကြောင်း တွေ့ရပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နယ် ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းထဲက သတ်ဖြတ်ခံရတဲ့ ကလေးငယ်တွေက  မနန်းဇိန်းဂျီးအောင်၊ မဖောင်ယမ်ဆိုင်းအိန်၊ မလထောင်ရွယ်ဂျီ တို့ဖြစ်ပြီးတော့ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်တဲ့ တရားခံကို KIA ဘက်က စစ်ဆေးရေးဆောင်ရွက်နေဆဲဖြစ်တယ်ဆိုပြီး မတ်လ ၁၂ နေ့က Kachin News Group မှာ ဖော်ပြထားပါတယ်။

Kachin News Group>>> https://tinyurl.com/2hzy3m2b

သုံးသပ်ချက်

ထို့ကြောင့် တွန်းဇံမြို့မှ ကျီးခါး ဇိုမီးအမျိုးသားနေ့သို့ သွားကြသော ဇိုမီးခလေးငယ် သုံးယောက်ကို CNF/CNA အဖွဲ့သားများက မုဒိမ်းကျင့်သည်ဟု ဆိုတဲ့သတင်းဟာ သတင်းအမှားသာ ဖြန့်ချိနေခြင်းဖြစ်ပြီး ချင်းပြည်နယ်အတွင်းက ချင်းအမျိုးသားတပ်ဦး (CNF/CAN) ကို တမင်တကာ ပုံးမှားရိုက် ချင်းလူမျိုးအချင်းချင်းကြား အမုန်းပွားရေးသားနေခြင်း ဖြစ်ပါတယ်။

ခိုနူမ်သုန်းသတင်းမီဒီယာ စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ပဲ စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာများဆီ သွားရောက်ဖတ်ရူကြဖို့ တိုက်တွန်းအပ်ပါတယ်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...