မွန်ပြည်နယ်မှာ စစ်မှုထမ်းစစ်သားစုဆောင်းခံရသူ ၂၀၀၀ ကျော်အထိ ရှိလာ

မွန်ပြည်နယ်မှာ စစ်မှုထမ်းစစ်သားစုဆောင်းခံရသူ ၂၀၀၀ ကျော်အထိ ရှိလာ

မွန်ပြည်နယ်မှာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် တစ်နှစ်ကျော်ကာလအတွင်း စစ်မှုထမ်းစစ်သားစုဆောင်းခံရသူ ၂၀၀၀ ကျော်အထိ ရှိလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်ကြောင့် နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တပ်အင်အား ပြန်လည်ဖြည့်တင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့တာပါ။

သံလွင်တိုင်းမ်ရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၀ အထိ စစ်သားစုဆောင်းခံရသူ စုစုပေါင်း ၁၉၀၀ ဝန်းကျင်ထိ ရှိခဲ့တာပါ။

လာမယ့် စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် စစ်သားစုဆောင်းခံရတဲ့ လူငယ် ၁၀၀ ကျော်ကို မတ်လ ၁၆ ရက်နေ့မှာ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ ထပ်မံပို့ဆောင်ခဲ့တာကြောင့် စစ်သားစုဆောင်းခံရသူ ၂၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးကတော့ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် စစ်သားစုဆောင်းခံရတဲ့သူ အများစုဟာ အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မူးပြီးတော့ KTV က ပြန်တာတို့ ဆေးသမားတွေ အရက်သမားတွေ အာဝါဒေးက ပြန်တဲ့ကောင်တွေ အဲဒါတွေအလွတ်ဆွဲတယ်။ ဟိုကွက်ကြား ဒီကွက်ကြားနဲ့ ဘာမှမပြောဘူး။ ကားပေါ် ဆွဲတင်သွားတယ်။ ဖုန်းကောက်သိမ်းပြီးတော့ တက်ခိုင်းတယ်။ ပြီးတာနဲ့ စစ်မှုထမ်း ပို့တာပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လူငယ်တွေကို ညပိုင်း အပြင်ထွက်ချိန်တွေမှာ ဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိသလို တချို့တွေကိုတော့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်း ပို့ဆောင်တာတွေ ရှိနေတာပါ။

တဖက်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် မြို့ပေါ် ရပ်ကွက်တွေမှာ လူစားထိုး အငှားခေါ်ယူဖို့အတွက်ဆိုပြီး ငွေကြေးကောက်ခံတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူငယ်လူရွယ်အများစု ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ထွက်ခွာမှု ဆက်လက်မြင့်တက်နေတဲ့အတွက် လုပ်သားရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းသင်တန်းတွေကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော် တန်းမြင့်သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ သင်တန်းပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - NUG
August 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်...
ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...
ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...