မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ပြားတွေကို ပြန်လည်အသုံးပြုလာကြောင်း KNDF ပြော

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ပြားတွေကို ပြန်လည်အသုံးပြုလာကြောင်း KNDF ပြော

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ မှာ ယခုသီတင်းပတ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပြားတွေကို လက်နက်အဖြစ် ပြန်လည်အသုံးပြုလာနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မြေပြင် ရဲ‌ဘော်တွေရဲ့ ပြောပြချက်အရ အရင် လက္ခဏာတွေ ပြန်ပြီး ခံစားနေကြရတယ်။ ခေါင်းမူးတာတွေ အော့အန်တာတွေ လူနုံးသွားတာတွေ ပြန်ဖြစ်တာပေါ့နော်။ အဆိပ်ငွေ့ ပြန်ရူရှိုက်မိတာတွေ အဲ့လိုနောက်ဆက်တွဲ အခြေအနေတွေရှိတာပေါ့နော်။ ဒါအတည်ပြုလို့ရတာပေါ့နော်” လို့ တာအယ်စိုးက ဆိုပါတယ်။

တိုက်ပွဲအတွင်း လေယာဉ်ပေါ်ကဖြစ်စေ ဒရုန်းနဲ့ဖြစ်စေ အဆိပ်ငွေ့ပြားတွေကို ပစ်ချတာဖြစ်တယ်လို့ ရဲဘော်တစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း မိုးဗြဲမြို့ပြင်မှာ အခြေစိုက်ထားတဲ့ ခမရ (၄၂၂) တပ်က မိုးဗြဲမြို့နဲ့အနီးတစ်ဝိုက်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေ ထည့်သွင်း အသုံးပြုခဲ့ကြောင်းကိုလည်း KNDF ဆီကနေ သိရပါတယ်။

တစ်ဖန်ပြန်လည်အသုံးပြုနေတဲ့ အဆိပ်ငွေ့ရဲ့ အမျိုးအစားကိုတော့ မသိရသေးပေမဲ့ ခံစားနေရတဲ့ လက္ခဏာမှာတော့ မူလ အသုံးပြုခဲ့ဖူးတဲ့ S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေသာ ဖြစ်နိုင်ကြောင်း တာအယ်စိုးက ဖြည့်စွက်ပြောဆိုထားပါတယ်။

လက်ရှိမိုးဗြဲမှာ စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် အဆိပ်ငွေ့ပြားတွေကိုပါ ပြန်လည် အသုံးပြုနေတယ်လို့ KNDF တပ်ရင်း (၃) တပ်ရင်းမှူးက ဖေဖော်ဝါရီ ၂၃ ရက် နေ့စွဲနဲ့ သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပြောဆိုထားပါတယ်။

“အဆိပ်ငွေ့ပြန်သုံးတယ်။ လေယာဥ်တွေပိုသုံးတယ်။ မြေပြင်မှာအခြေနေ အရမ်းတင်းမာနေတယ်။ မိုးဗြဲကိုလဲ အာရုံစိုက်ကြပါ။ အကောင်းဆုံးဆက်တိုက်နေမှာမို့ လိုအပ်တာတွေကိုလဲ တူတူပါဝင်ပေးကြပါ။ ကိုယ်ဘာတွေလုပ်နိုင်လဲ ဒီချိန်မှာ အကောင်းဆုံးပါဝင်ပေးကြပါ” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ပေါ်က ပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်းကိုတော့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး၂၈ ရက်နေ့အထိ ၅ ရက်အတွင်း ပြည်သူလူထုတွေအနေနဲ့ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ မိုးဗြဲ PDF နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃ တို့ ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပူးတွဲအသိပေးထုတ်ပြန်ထားတာရှိပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...