ဗုံးကြဲခံရ၍ နေအိမ်မီးလောင်သွားသည့် ကျောက်နီမော်ရွာသားများ ပြန်လည်ထူထောင်ရန် ခက်ခဲနေ

ဗုံးကြဲခံရ၍ နေအိမ်မီးလောင်သွားသည့် ကျောက်နီမော်ရွာသားများ ပြန်လည်ထူထောင်ရန် ခက်ခဲနေ
ပုံစာ - ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်။
ပုံစာ - ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်။

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးသွားသည့် ဒေသခံများမှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားသူများမှာ ဆွေမျိုးနေအိမ်နှင့် အခြားနေရာများတွင် စုပေါင်းနေထိုင်နေကြရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း ပြောဆိုကြသည်။

“နေစရာအိမ်လဲ မရှိတော့ဘူး။ ပြန်ဆောက်ဖို့ဆိုတာလဲ ဒီကာလအခြေအနေနဲ့ ဘယ်လိုမှမတတ်နိုင်ပါဘူး။ တပ်တော် (AA) က ထောက်ပံ့နေတာရှိပေမယ့် ကျနော်တို့မှာ စားဝတ်နေရေးအတွက် အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” ဟု နေအိမ် မီးလောင်ပျက်စီးသွားသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။

ဗုံးကြဲခံရမှုကြောင့် ကျောက်နီမော်ကျေးရွာသားများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် ပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများရှိနေကြသည်။

“နီးစပ်ရာအိမ်တွေမှာ နေကြတာလည်းရှိပေမယ့် လူစုတာတွေများရင်လည်း လေကြောင်းကို စိုးရိမ်ကြတော့ နေရတာ နည်းနည်းအဆင်မပြေဘူး။ အနားက ရွာခံတွေကတော့ ထမင်းထုပ်တို့ဘာတို့ ပေးကြတာရှိတယ်။ ရေရှည်အတွက်ကတော့ အိမ်ဆောက်ဖို့လည်း အဆင်မပြေနိုင်သေးတော့ အခက်အခဲများပါတယ်” ဟု နောက်ထပ် နေအိမ်မီးလောင်ပျက်စီးသွားသူ ကျောက်နီမော်ကျေးရွာသားတစ်ဦးက ပြောသည်။

‌လက်ရှိတွင် ကျောက်နီမော်ကျေးရွာသားများကို စိတ်ပိုင်းဆိုင်ရာ ကုစားမှုအပြင် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန် လိုအပ်ကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“ဒီဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေအတွက်က မူလနေရာမှာပဲ ဖယ်ရှားရှင်းလင်းစရာရှိတာတွေကို ရှင်းလင်းပြီးတော့ အမြန်ဆုံး ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့ လိုတယ်။ ဒါ့အပြင် အာရက္ခတပ်တော်အနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုလည်း ကူညီကုစားပေးဖို့လိုသလို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေအတွက်လည်း လူးသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသွားသည့် ကျောက်နီမော်ဒေသခံများကို ULA/AA နှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက ဆေးဝါးကုသမှုအပြင် မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံများကို အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ကျောက်နီမော်ကျေးရွာမှ နေအိမ် မီးလောင်ဆုံးရှုံးသွားသည့် အိမ်ထောင်စု (၃၇၉) စုမှ လူဦးရေ ၁,၆၈၂ ဦးအား အရေးပေါ် ဆန်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင် ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစ၍ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်အပါအဝင် အရပ်သား ထိခိုက်သေဆုံးသူ ၉၄ ဦးအပြင် မီးလောင်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံ ရာနှင့်ချီ ရှိလာနေသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...