၂၀၂၄ တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်တိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ် (၃၅) ဦး သေဆုံး

၂၀၂၄ တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်တိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ် (၃၅) ဦး သေဆုံး

ဓါတ်ပုံ – KnHRG

တိုက်ပွဲ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်တိုက်မှုကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ကလေးငယ်နဲ့ အမျိုးသမီး စုစုပေါင်း (၃၅) ဦး သေဆုံးမှုရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနရဲ့ စာရင်းအရ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြုပ်မှိုင်းတွေကြောင့် သေဆုံးခဲ့ကြတာဖြစ်ပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ပိုများတယ်လို့ သိရပါတယ်။

“အမျိုးသမီးထိခိုက်ဒဏ်ရာရတာက ၂၅ ဦးရှိတယ်။ ပြီးတော့ သေဆုံးတဲ့ အမျိုးသမီးက ၂၀ ဦးပေါ့နော်။ ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ ကလေးက ၄၄ ဦးပေါ့နော်။ သေဆုံးတဲ့ကလေးက ၁၅ ဦးဆိုပြီးတော့မှ စာရင်းအရ မှတ်တမ်းတင်ထားတာရှိပါတယ်” လို့ IEC ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ ဒု–ဌာနမှူး မော်သဲမာက ဆိုပါတယ်။

အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၅) ဦးနဲ့ အမျိုးသမီး (၂၀) ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ မော်သဲမာက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

သေဆုံးတဲ့ကလေးငယ်တွေထဲမှာ တစ်နှစ်ဝန်းကျင်အရွယ် ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

လက်ရှိစာရင်းဟာ လက်လှမ်းမှီသလောက် ပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ သေဆုံးမှုစာရင်းနဲ့ ကွာခြားမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) စာရင်းအရဟာ ၃ နှစ်အတွင်း အမျိုးသမီးနဲ့ ကလေး စုစုပေါင်း သေဆုံးမှု (၅၇) ဦးရှိတယ်လို့လည်း ဥက္ကဌ မော်ဖရေမြာက အခုလိုပြောပါတယ်။

“ကျမတို့နားမှာ ၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အထိကို စုစုပေါင်းကတော့ ၅၇ ဦးလောက်ကို ကျမတို့ လက်လှမ်းမီတယ် ဆိုတဲ့ဟာပေါ့နော်” လို့ မော်ဖရေမြာက ဆိုပါတယ်။

သေဆုံးမှုတွေထဲ အသက် ၃၀ နဲ့ ၄၅ ကြား ပိုများပြီး ကလေးမှာတော့ ၁၅ နှစ်အောက် ပိုများတယ်လို့ သိရပါတယ်။

စစ်ကောင်စီအာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ ၄ နှစ်ဝန်းကျင်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ သေဆုံးခဲ့ရတဲ့ အရပ်သား (၆,၁၈၀) ဦးရှိသလို သေဆုံးခဲ့တဲ့ အသက် (၁၈) အောက် ကလေး (၇၀၄) ဦးနဲ့ အမျိုးသမီး (၁၃၇၃) ဦးရှိတယ်လို့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ AAPP စာရင်းအရ သိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ KTV ( ကာရာအိုကေဆိုင် ) တနေရာကို တွေ့ရစဥ် ( ဓာတ်ပို့-CJ )
March 24, 2026
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားကြတဲ့ KTV (...
ဒီးမော့ဆိုအနောက်ခြမ်းက အခြေခံစားသောက်ကုန်တွေ ရောင်းချတဲ့ ဈေးတန်းကို တွေ့ရစဉ်
March 23, 2026
ကမ္ဘာ့အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အာရှနိုင်ငံတွေအပြင်၊ ကမ္ဘာ့နိုင်ငံတချို့တွေကိုပါ စီးပွားရေး...
March 21, 2026
ကရင်နီက စိုက်ပျိုးရေးလုပ်နေတဲ့ တောင်သူအတွက် အထောက်အကူပြုစေတဲ့ သဘာဝမြေဩဇာတွေကို...
March 20, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတရွာမှာ ကယန်း ( ကခေါင်း ) မျိုးနွယ်စုတို့...