ပင်လောင်းမြို့နယ်တွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့၊ စိုးရိမ်မှုများရှိ

ပင်လောင်းမြို့နယ်တွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့၊ စိုးရိမ်မှုများရှိ
ပုံအညွှန်း - ပင်လောင်းစစ်ရှောင်များပုံ
ပုံအညွှန်း - ပင်လောင်းစစ်ရှောင်များပုံ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ‌ရေရှားမှုပြဿနာ ကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိလာကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် တောင်ပိုင်း ဝါလီး၊ ဆောင်ပြောင်း၊ ထီဗွား၊ လိန့်ညား စသည့်ကျေးရွာတို့တွင် ယခုလမှစ၍ ရေရှားပါးမှုပြဿနာများ စတင်ကြုံတွေ့လာရကြောင်း၊ အချို့ကျေးရွာများတွင် ရေများကို ဝယ်သုံးနေကြရကြောင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေတွေကရှား ရေဆို သုံးဖို့တောင်မကျန်တော့ အခုက ဝယ်သုံးနေရတာ။ လှောင်ထားတဲ့ မိုးရေတွေလည်း ကုန်ပြီ။ နွေရာသီတောင် မရောက်သေးဘူး။ ကျနော်တို့ စစ်ဘေးရှောင်အတွက် ချိုးရေနဲ့ အဝတ်လျှော်ဖို့ ရေတွေက မပေးတော့ဘူး။ သောက်သုံးရေလောက်ပဲ ပေးတော့တယ်။ ရေရှည်အတွက် အစီအစဉ် ဆွဲတယ်လို့တော့ ပြောတာပေါ့” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိရေရှားပါမှုကြောင့် စစ်ရှောင်များသည့် ရေမသန့်ရှင်းမှုပြဿနာများ ကြုံတွေ့နေရသည့်အတွက် ကလေးငယ်များ အရေပြားရောဂါများ ဖြစ်လာမည်ကိုလည်း စိုးရိမ်းနေကြရကြောင်း ၎င်းက ဆက်ပြောသည်။

“ရေက တစ်ပီပါပုံး ၂,၅၀၀ ကျပ်နဲ့ ပေးဝယ်နေရတယ်။ ကလေးတွေအတွက်က နွေရာသီရောက်လာ၊ အရေပြားရောဂါတွေအတွက် စိုးရိမ်လာရပြီ။ သောက်သုံးရေတွေကြောင့် ဝမ်းပျက်ဝမ်းလျောတွေ အဲ့ဒါတွေက စိုးရိမ်လာရပြီ” ဟု ၎င်းက ပြောသည်။

သျှမ်းပြည် တောင်ပိုင်း ၁ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့နယ်တို့တွင် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ (၆၅,၀၀၀) နှင့် အထက် ရှိနေဆဲဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ ယခုနှစ် ဇန်နဝါရီ (၁၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၂၀၂၃ နိုဝင်ဘာလ ၁၁ ရက် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် သျှမ်းကရင်နီ နယ်စပ်တစ်လျှောင်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်နီပြည် လွိုင်ကော်မြို့နယ် ဒေသခံများလည်းပါကြောင်း သိရသည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...