သီပေါတွင် ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြင့်တက်သဖြင့် အနိမ့်ပိုင်းနေ ပြည်သူများ စတင်ပြောင်းရွှေ့

သီပေါတွင် ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြင့်တက်သဖြင့် အနိမ့်ပိုင်းနေ ပြည်သူများ စတင်ပြောင်းရွှေ့

သျှမ်းပြည်၊ သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းနေသည့် ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်ရေမှာ စံချိန်တင် မြင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များမှ ပြည်သူများ စတင်ရွှေ့ပြောင်းနေကြရသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းမှစတင်ကာ ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခဲ့ခြင်းဖြစ်ရာ သီပေါမြို့ပေါ်ရှိ မြစ်ကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပန်းတိမ်တောင် ရပ်ကွက်နှင့် ဈေးရပ်ကွက်တို့မှ ပြည်သူများ စတင်ရွှေ့ပြောင်းနေကြရကြောင်း သီပေါဒေသခံများက ပြောသည်။

သီပေါဒေသခံ အမျိုးသမီးတစ်ဦးက “မိုးကတော့ မနေ့ကရော သည်းနေတာ၊ ဒီညနေမှ နည်းနည်းတိတ်သွား တယ်။ မြစ်ရေကတော့ စံချိန်တင်လို့ ပြောရမယ်ထင်တယ်၊ တံတားကြီးနဲ့ ထိဖို့က ပေနည်းနည်းပဲ လိုတော့ တယ်။ အခု မြစ်ဘေးက အနိမ့်ပိုင်းဘက်ရောက်တဲ့ ပန်းတိမ်တောင်နဲ့ ဈေးရပ်ကွက်က လူတွေကို ပရဟိတတွေ သွားကူရွှေ့ပေးနေတယ်” ဟု ပြောသည်။

ဒုဋ္ဌဝတီမြစ်ရေ အဆမတန် မြင့်တက်လာမှုကြောင့် မိဘပြည်သူများအနေဖြင့် အသက်အန္တရာယ် မဖြစ်ပေါ်စေရန် အတွက် မြစ်အတွင်း စက်လှေများ ဖြတ်သန်းသွားလာမှုကို ပိတ်ပင်ထားကြောင်း သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတိပေးထားသည်။

ဒုဋ္ဌဝတီမြစ်၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာဖြစ်ပြီး ရေကြီးရေလျှံမှုများ အချိန်မရွေး ကြုံတွေ့လာနိုင်ခြေ ရှိနေသဖြင့် ရေဝင်ရောက်နိုင်သည့် မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ချောင်းဘေးရှိ နေအိမ်များမှ ပြည်သူများ အနေဖြင့် ကြိုတင်ရွှေ့ပြောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။

ဒေသခံအမျိုးသမီး တစ်ဦးက “အဓိကတော့ ဇက်နဲ့ ကုန်ကူးတဲ့လူတွေကို စိုးရိမ်ရတာ၊ လူတွေကတော့ တံတား ပေါ် အချိန်ပိုင်း ပေးဖြတ်နေတယ်။ အရင်လကလည်း စက်လှေကူးတဲ့ချိန် မှောက်ပြီး ကားကော လူကော ပျောက်တာ ဖြစ်ဖူးတော့ တော်တော် သတိထားရတယ်။ တာလုံဘက် လှေမှောက်တုန်းက လူ ၅ ယောက် ပါသွားတာ၊ တစ်ယောက်ပဲ အလောင်းပြန်ရတယ်” ဟု ဆက်ပြောသည်။

လက်ရှိတွင် ဒုဋ္ဌဝတီမြစ် (ခေါ်) မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက်လျက်ရှိပြီး သျှမ်းပြည် လူထုအသိုင်းအဝန်းက တောက်လျှောက် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၉-၂၀৩০ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်တပ်၏ ဩဂုတ်လ ၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - Sai Kaung Thet San's FB (သီပေါမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေစတင်ဝင်ရောက်)

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...