မြစ်ကြီးနား - ပူတာအို လမ်းပိုင်းက ဂိတ် ၁၀ ခုကျော်မှာ ဂိတ်ကြေး ၃ သိန်းလောက်အထိ ပေးနေရ

မြစ်ကြီးနား - ပူတာအို လမ်းပိုင်းက ဂိတ် ၁၀ ခုကျော်မှာ ဂိတ်ကြေး ၃ သိန်းလောက်အထိ ပေးနေရ

မြစ်ကြီးနား - ပူတာအို လမ်းပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ဂိတ် ၁၀ ခုကျော်လောက်ရှိပြီး ကားအသေးတစ်စီးကို ပေးဆောင်ရတဲ့ ဂိတ်ကြေး စုစုပေါင်း သုံးသိန်းကျပ်ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ကနေ ပူတာအိုမြို့ထိ ရောက်ရှိနိုင်ဖို့ ပလန နယ်မြေရဲစခန်း၊ လမုန်ဇွပ်၊ မြစ်ဆုံ (ကာကင်းအပါ) သုံးဂိတ်၊ တီယန်ဇွပ်၊ ဆွမ်ပရာဘွမ်၊ ဖုန်ကျန်း၊ ဆွမ်ပီယန်၊ တန်ဂျာ၊ လုံရှာယန်၊ မူလာရှီးဒီး စတဲ့ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ဂိတ် (အများစုက စစ်ကောင်စီဂိတ်တွေဖြစ်) တွေ ၁၀ ခုကျော်လောက် ဖြတ်ရတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တပ်ရဲ့ ဂိတ်ဖြတ်ကြေး ကောက်ခံတဲ့အချိန် ဂိတ်တစ်ခုမှာ အနည်းဆုံး ငွေကျပ် ၅,၀၀၀ ကနေ ပျှမ်းမျှ ၂၀,၀၀၀ အထိ ပေးဆောင်ရတဲ့အပြင် ပစ္စည်းတင်ဆောင်မှုပေါ် မူတည်ပြီး တိုးမြင့်ပေးရတာတွေ ရှိတယ်လို့ ကားသမားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

"အခုက အရင်လို သွားနေကြပါပြီ။ ပစ္စည်းပါရင်ပါသလို ကောက်ခံတာတွေ ရှိတာပေါ့။ ခုက တစ်ထောင်၊ နှစ်ထောင် မရတော့ဘူး။ ငါးထောင်ကနေ ပျှမ်းမျှဆိုရင် တစ်ဂိတ်မှာ နှစ်သောင်းပေါ့" လို့ ပြောပါတယ်။

ဒါ့အပြင် ကားသမားတွေဟာ မြစ်ကြီးနား - ပူတာအို အသွား/အပြန် စက်သုံးဆီစရိတ်အပါ ၁၂ သိန်းလောက်ကုန်ကျပြီး ပစ္စည်းတင်ဆောင်မှုနည်းခဲ့ရင် အသွားအပြန် ၉ သိန်းကျပ်လောက် ကုန်ကျတယ်လို့ ထပ်မံသိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ ကားသမားတွအနေနဲ့ ကားကြီးကွင်းမှာ အရင်ကလို တင်ဆောင်မယ့် ပစ္စည်းစာရင်းကို တင်ပြစရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ရနေတဲ့အပြင် ခရီးသည်တင်ဆောင်ရာမှာတော့ လမ်းခရီးမှာ စစ်သားစုဆောင်းရေးတွေရှိတယ်လို့ ပြောဆိုနေကြတဲ့အတွက် သက်ကြီးပိုင်း ခရီးသည်ကလွဲပြီး သွားလာသူ နည်းတယ်လို့လည်း သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့ရဲ့ နှစ်ဖက်တပ်တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ် မတ်လ ပထမအပတ်ကတည်းက ပိတ်သွားခဲ့တဲ့ မြစ်ကြီးနား - ပူတာအို လမ်းပိုင်းကို ၂၀၂၄ ခုနှစ် ဇွန်လပိုင်းက နှစ်ဖက်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်အရ အစီးရေ အကန့်အသတ်နဲ့ သွားလာခွင့်ပြုရာကနေ လက်ရှိအချိန်မှာတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

April 11, 2026
ကချင်ပြည်နယ်အတွက် အဆိုပြုထားတဲ့ ဝန်ကြီး ၇ ယောက်နဲ့ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့...
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
April 10, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်နဲ့ အဖွဲ့...
ပုံဟောင်းဖြစ်ပါသည်
April 8, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ရဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က ရှမ်းမြောက် ဒေသထဲ...
April 7, 2026
စစ်ကော်မရှင်ရဲ့ ကချင်ပြည်နယ်လွှတ်တော်က အခုစစ်ကော်မရှင်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုပဲ...