ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၈ ဦးထက်မနည်း သေဆုံး

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား ၈ ဦးထက်မနည်း သေဆုံး

ပုံစာ - ကျောက်တော်မြို့ပေါ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီက ဗုံး ၁၅ လုံးခန့် ကြဲချခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဈေးအတွင်းသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။

ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်သော နေရာများကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သုံးကြိမ်အတွင်း ဗုံးအရေအတွက် (၁၅) လုံးခန့် ကြဲချခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ကျောက်တော်ဒေသခံတစ်ဦးက “လေယာဉ်က ဗုံးကြဲချတာ တစ်ကြိမ်တည်းမဟုတ်ဘူး။ အကြိမ်ကြိမ်လာကြဲတာ၊ ဘယ်နှစ်လုံးမှန်းတောင် ခန့်မှန်းလို့မရဘူး။ မြို့ထဲက နေရာတော်တော်များများမှာ ကျတယ်။ သေတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေဆိုလည်း များတယ်လို့ကြားတယ်၊ နေရာများတော့ ဘယ်နှစ်ယောက်ဆိုတာ ပြောဖို့ခက်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရာတွင် ၅ ဦး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် ၃ ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

ကလေးသူငယ်၊ အမျိုးသမီးများအပါအဝင် ဒဏ်ရာရရှိသူ ၂၇ ဦးခန့်ရှိပြီး ယင်းအထဲတွင် ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ကြောင်းနှင့် သေဆုံးဒဏ်ရာရရှိသူ အရေအတွက်မှာ ယခုထက် ပိုများနိုင်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူများမှာ ဈေးရောင်း၊ ဈေးဝယ်များ၊ လမ်းသွားလမ်းလာများဖြစ်ကြပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိကြောင်းလည်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

“မနက်စောစောဆိုတော့ လူတွေ ဈေးရောင်း၊ ဈေးဝယ်နဲ့ အသွားအလာများကြတယ်လေ။ ဒီလို လူနေရပ်ကွက်တွေကို ဗုံးကြဲချတာက ပြည်သူတွေကိုသတ်ဖို့အတွက် သက်သက်လုပ်တာ” ဟု နောက်ထပ် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၂၆ ခန့်သေဆုံးပြီး ၂၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...