ရွှေတြိဂံနယ်မြေတွင် မြန်မာအလုပ်သမား အများအပြား အလုပ်လက်မဲ့ဖြစ်နေ

ရွှေတြိဂံနယ်မြေတွင် မြန်မာအလုပ်သမား အများအပြား အလုပ်လက်မဲ့ဖြစ်နေ
ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။
ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။

ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား အလုပ်လက်မဲ့ဖြစ်နေကြကြောင်း ယင်းနယ်မြေရောက် မြန်မာများထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ၊ စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီ၏ အတင်းအဓ္ဓမ ဖမ်းဆီးခြင်းကို ရှောင်တိမ်းရန် မြန်မာနိုင်ငံသားအများအပြားမှာ ရွှေတြိဂံနယ်မြေသို့ ရောက်လာကြပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေကြောင်း သိရသည်။

“အခုနောက်ပိုင်း မြန်မာတွေ အများအပြား ဝင်လာကြတယ်။ အဓိကကတော့ စစ်မှုထမ်းပါသွားမှာ ကြောက်တာရယ်၊ အလုပ်လုပ်ချင်လို့ လာကြတာရယ်ကြောင့် ပိုများလာတယ်။ အလုပ်တွေလည်း ရှာရခက်သလို (တရုတ်) သူ ဌေးတွေကလည်း ဖမ်းခံရတာတွေရှိတာကြောင့်လည်း မြန်မာတွေ အလုပ်လက်မဲ့ ပိုဖြစ်လာတယ်” ဟု ရွှေတြိဂံနယ်မြေတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦးက ပြောသည်။

ရွှေတြိဂံနယ်မြေသည် လောင်းကစား စီးပွားရေးဖြင့် နာမည်ကြီးပြီး တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်သည့် တရုတ်သူဌေးများ ဖမ်းဆီးခံရခြင်းကြောင့် ဒေသတွင်း အလုပ်အကိုင် မတည်ငြိမ်ဖြစ်နေသည်။

အဆိုပါနယ်မြေတွင် ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် လုံခြုံရေးဝန်ထမ်းစသည့် အခြေခံအလုပ်များ လုပ်ကိုင်နေကြသည့် ရခိုင်လူမျိုး ရာနှင့်ချီရှိနေပြီး အလုပ်မရှိသဖြင့် ၎င်းတို့မှာ အခက်ခဲပေါင်းစုံ ကြုံနေရကြောင်း ဆိုသည်။

“ဒီမှာ ရခိုင်တွေက စိုက်ပျိုးရေးလုပ်ငန်းတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဓိက အလုပ်လုပ်ကြတယ်။ ဆောက်လုပ်ရေးလုပ်တဲ့ ရခိုင်အုပ်စုတစ်စုဆို အလုပ်ရပ်ထားရတယ်။ အခုချိန်ထိ ဘာစားလို့ ဘယ်မှာနေလို့နေကြလဲတော့ မသိဘူး” ရွှေတြိဂံနယ်မြေရောက် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ရွှေတြိဂံဒေသတွင် မြန်မာအလုပ်သမားများမှာ တစ်နေ့လုပ်အားခ တရုတ်ငွေ ယွမ် ၅၀ (မြန်မာငွေ ၁၅,၀၀၀ ကျပ်) သာရရှိကြပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ကြုံနေရကြောင်း သိရသည်။

မြန်မာအလုပ်သမားသည် လာအိုနိုင်ငံ ရွှေတြိဂံဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် မဲခေါင်းမြစ်ကိုဖြတ်၍ လာအိုနိုင်ငံသို့ သွားရောက်ရပြီး ရွှေတြိဂံဒေသမှ လုပ်ငန်းရှင်တစ်ဦး၏ ထောက်ခံချက်ဖြင့် လာအိုအစိုးရထံ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်အား တရုတ်ယွမ်ငွေ ၅၀၀ မှ ၁,၅၀၀ အထိ ကုန်ကျခံလျောက်ထားရသည်။

ရွှေတြိဂံနယ်မြေဖြစ်သည့် လာအိုနိင်ငံအတွင်းက ကာစီနိုမြို့တော်သည် တရုတ်လုပ်ငန်းရှင်တစ်ဦးနှင့် လာအိုအစိုးရတို့ ၂၀၀၆ တွင် နှစ်ပေါင်း ၁၀၀ အငှါးစာချုပ်နှင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ကာစီနိုဧရိယာအတွင်း မြန်မာလုပ်သား ၅၀,၀၀၀ ခန့်ရှိကာ လုပ်ငန်းခွင်အနီး မြန်မာအလုပ်သမားများ နေထိုင်သည့် ကျေးရွာများရှိသည်။

ရွှေတြိဂံဒေသသည် မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ နယ်နိမိတ်ဆုံ ထိစပ်နေသည့် မဲခေါင်မြစ်ဆုံနေရာကို ခေါ်ဆိုသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...