စစ်အာဏာရှင် ကျဆုံးရေးအတွက် လက်တွဲဆောင်ရွက်သွားမယ်လို့ KNF ထုတ်ပြန်

စစ်အာဏာရှင် ကျဆုံးရေးအတွက် လက်တွဲဆောင်ရွက်သွားမယ်လို့ KNF ထုတ်ပြန်

စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာကျရောက်တဲ့ ၇၇ ကြိမ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ KNF သဘောထားထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့က ပိုပြီးတော့ ဖက်ဒရယ်တိုင်းပြည် ဖြစ်လာဖို့အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ဘဲ စဉ်းစားထားတာပေါ့။ အဲထဲမှာမှ အတူလက်တွဲလို့ရတဲ့သူတွေနဲ့ အတူလုပ်ဆောင်သွားမှာပါ” လို့ Kachin National Forum - KNF တာဝန်ရှိသူက ပြောပါတယ်။

၁၉၄၈ ခုနစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကချင်တိုင်းရင်းသားလူမျိုးတွေအနေနဲ့ စီးပွားရေး၊ ပညာရေးနဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကို တန်းတူမရရှိတဲ့အပြင် ဖိနှိပ်သတ်ဖြတ်မှု အမျိုးမျိုးကိုလည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး နောက်ပိုင်းကနေ ယနေ့အချိန်ထိ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအနေနဲ့လည်း လူအခွင့်အရေးချိုးဖောက် သတ်ဖြတ်ခံရမှုတွေအပြင် စစ်ကောင်စီတပ်သားတွေရဲ့ အဓ္မမပြုကျင့်စော်ကားခံရမှုတွေကိုလည်း အမျိုးမျိုးကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် အားလုံး ပြန်လည်ကြိုးစားရမှာဖြစ်တယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ထိုင်းနိုင်ငံ KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ်က အခုလိုပြောပါတယ်။

“ဖက်ဒရယ်စနစ်ထဲမှာတောင် အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး အာမခံတဲ့ ပေါလစီတွေ ထွက်ပေါ်လာဖို့ အရေးကြီးပါတယ်။ အမျိုးသမီးတွေအနေနဲ့ လွတ်လွတ်လပ်လပ်လုံခြုံစွာရှိမှ တကယ်ကို အဓိပ္ပာယ်ရှိတဲ့ လွတ်လပ်ရေးနေ့လို့ ပြောလို့ရမှာပါ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဗြိတိသျှအစိုးရလက်ကနေ လွတ်လပ်ရေးအတူယူဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တောင်တန်းဒေသတွေဖြစ်တဲ့ ကချင်၊ ရှမ်း၊ ချင်း လူမျိုးတွေကို စည်းရုံးခဲ့တာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ ကချင်၊ ဗမာ၊ ရှမ်း၊ ချင်း စတဲ့ တိုင်းရင်းသားတွေကနေပြီးတော့ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိမယ့် သဘောတူညီစာချုပ်ကို ချုပ်ဆိုခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ တစ်နှစ်အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ ပင်လုံစာချုပ်က သဘောတူညီထားတဲ့အတိုင်း တန်းတူအခွင့်အရေး မရရှိဘဲ ဖိနှိပ်ချုပ်ချယ်မှုများသာ ရှိလာတဲ့အတွက် ကချင်ဒေသမှာတော့ ၁၉၆၀ နှောင်းပိုင်းကစလို့ ကချင်တော်လှန်ရေးလှုပ်ရှားမှု သက်ဝင်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့အတွက် တစ်နိုင်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ ပြည်တွင်း/ပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအားလုံး တော်လှန်နေကြတာဘဲ ဖြစ်ပါတယ်။

March 25, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ...
March 24, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်ဒေသ၊ ဥရုချောင်း (Uru Hka) တစ်လျှာက်မှာ ယခင်က ရွှေတူးဖော်မှု...
၂၀၂၆ ခုနှစ် မတ်လမှာပြိုထားတဲ့ ပူတာအို ခေါင်လန်ဖူး လမ်းပိုင်းကိုတွေ့ရစဥ်
March 23, 2026
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့်...
ကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့ မဟာလေးထပ်ကျောင်းတိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့မြင်ကွင်း Photo - Crd
March 21, 2026
စစ်ကိုင်းတိုင်း – ကချင်အစပ် စစ်ကိုင်းတိုင်းကသာမြို့လယ်ခေါင် ရပ်ကွက် (၃ )မှာရှိတဲ့...