တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင်ပြောဆိုချက် ဖြစ်နိုင်ခြေနည်းဟု နိုင်ငံရေးအကဲခတ်သူများရှုမြင်

တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင်ပြောဆိုချက် ဖြစ်နိုင်ခြေနည်းဟု နိုင်ငံရေးအကဲခတ်သူများရှုမြင်
ဓာတ်ပုံ - CINCDS။
ဓာတ်ပုံ - CINCDS။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်တည်ငြိမ်းချမ်အောင် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းနှင့်သာ ဖြေရှင်းကြရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း တောက်လျှောက် ထုတ်ပြောလာသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် နှစ်သစ်ကူး နှုတ်ဆက်မိန့်ခွန်းတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခြင်းနှင့်ပတ်သက်၍ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော့်အနေနဲ့ နိုင်ငံတော် အကျိုးအတွက်၊ ပြည်သူတို့ရဲ့ အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာ ရှိပါတယ်။ ဒါကို ပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့ လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ နေ့ တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာ မိန့်ခွန်းတွင်လည်း စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် တွေ့ ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။

သို့သော် ယနေ့အချိန်ထိ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ မရှိသေးပေ။

ထို့ကြောင့် စစ်ရေးအရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလာခြင်းမှာ အပြောသက်သက်သာဖြစ်ပြီး လက်တွေ့ဆန်သည့် လုပ်ရပ်မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောဆိုကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “စစ်ခေါင်းဆောင်ကတော့ သူ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြစ်တင်မယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာက ပါးစပ်က ပြောနေတာဖြစ်တယ်။ လက်တွေ့မှာကတော့ အခုချိန်ထိ ဗုံးကြဲနေတုန်း။ ရခိုင်မှာဆိုရင် အာရက္ခတပ်တော်က နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာမယ်ဆိုတာတောင် ရပ်ရွာတွေကို ဗုံးကြဲနေတုန်းပဲ။ ဒါကြောင့် စစ်ကောင်စီပြောစကားတွေကို ယုံကြည်လို့မရဘူး။ သတိထားပြီးတော့နေကြဖို့ အရေးကြီးတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်ရှိ မြို့ ၁၄ ခုကို သိမ်းပိုက်ပြီးချိန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က  မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

သို့သော်လည်း စစ်ကောင်စီသည် ဒီဇင်ဘာလ ၃၁ ရက်နေ့က ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

တဖက်မှာလည်း လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၂၀၂၅ နှစ်သစ်ကူးနှုတ်ဆက်မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

“၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတော့ သူတို့ (စစ်ကောင်စီ) က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုပြီးတော့ ထပ်ကာထပ်ကာပြောလာတယ်။ အခုဆိုရင် ပတ်ဝန်းကျင်နိုင်ငံတွေက ဖိအားတွေလည်း ဝင်နေတယ်။ ဆိုတော့ သူက တရုတ်ပြည်အကြိုက်ပြောရမယ်။ ငြိမ်းချမ်းရေး ကမ်းလှမ်းရမယ်။  ဒါကြောင့် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်က သူပြောချင်တာပြောနေမှာဘဲ။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း သူတို့လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်လို့ ပြောချင်ပါတယ်။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲကလည်း စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများက ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများက မြို့‌ပေါင်း ၈၉ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...