စစ်တွေမြို့တွင် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်း

စစ်တွေမြို့တွင် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်း

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ရှိလာနေကြောင်း သိရသည်။

ကုန်တန်း၊ ရွာကြီးမြောက်၊ ရွှေပြား၊ လမ္မတော်၊ ရွှေပြည်သာ စသည့်ရပ်ကွက်များရှိ လူမရှိသော နေအိမ်များကို စစ်ကောင်စီက ဖောက်ထွင်းဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“လူမနေတဲ့အိမ်တွေကို သူတို့မှာပါလာတဲ့ သော့တုတွေနဲ့ ဖွင့်တယ်။ ဖွင့်မရရင် တံခါးတွေကို ဖျက်ဝင်တယ်။ ပြီးတော့ တစ်အိမ်လုံးစစ်ဆေးတယ်၊ ဓာတ်ပုံရိုက်တယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းအပြင် လူရှိသည့် နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေခြင်း၊ အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းများရှိကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ရွာကြီးမြောက်၊ ကုန်တန်းရပ်ကွက်များရှိ လူမရှိသည့်နေအိမ်များကို ဖောက်ထွင်းကာ မွှေနှောက်သွားကြောင်း သိရသည်။

စစ်တွေမြို့ခံအများစုမှာ တိုက်ပွဲစိုးရိမ်ချက်ကြောင့် ပြီးခဲ့သည့် ဧပြီလမှစ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။

ဒေသခံများ တိမ်းရှောင်ချိန်မှစ၍ လူမရှိသည့်နေအိမ်များကို ခိုးယူဖောက်ထွင်းမှု ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက “စစ်တပ်နောက်ခံနဲ့ ခိုးတဲ့သူတွေ၊ ဖောက်ထွင်းတဲ့သူတွေ အများကြီးပဲ။ နေ့ခင်းဖက်မှာတောင် ကြိုက်တဲ့ပစ္စည်း ဝင်ယူတာ တွေ့နေရတယ်။ လူမရှိတဲ့အိမ်တွေမှာဆို သူတို့ကြိုက်သလို ဝင်ပြီးနေကြတယ်။ ဘယ်သူမှလည်း မတားနိုင်ဘူး။ ရွှေပြည်သာရပ်ကွက်နဲ့ ရွှေပြားရပ်ကွက်ဖက်က ပိုဆိုးတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် စစ်တွေမြို့အတွင်း စစ်ဆေးရေးဂိတ်များ တိုးချဲ့ချထားကာ လမ်းသွားလမ်းလာများကို တင်းကျပ်စွာ စစ်ဆေးခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်းများလည်းရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်က ရွှေပြည်သာနှင့် မင်းဂံရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဧည့်စာရင်းဝင်စစ်ပြီး ဒေသခံ ၅ ဦးကို ဖမ်းဆီးသွားခဲ့သည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေမှုနှင့်အတူ နှစ်ဖက်တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားခြင်းများ ရှိနေသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...