ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ

ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ

ဆေးဝါးရှားပါးမှု၊ ဆေးရုံ/ဆေးခန်းများ ပိတ်ထားခြင်းကြောင့် သံတွဲမြို့နယ်က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင်များမှာ ကလေးမွေးဖွားရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေကြသည်။

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်များမှာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့်အပြင် စားဝတ်နေရေးအကျပ်အတည်းကြောင့် အစာအာဟာရ လုံလောက်စွာ မစားသုံးနိုင်သဖြင့် ဘေးကင်းစွာ ကလေးမွေးဖွားနိုင်‌ရေးအတွက် စိုးရိမ်စိတ်များ ဖြစ်နေကြသည်။

"ကိုယ်ဝန်ဆောင်နေချိန်အတွင်း အစားအသောက်တွေ သေချာမစားရတော့ ကလေးမွေးရင် ခြေတွေ၊ လက်တွေ စုံမလားလို့တောင် တွေးပူမိတယ်။ ကလေးမွေးမှာကိုပဲ အမြဲတွေးပူနေမိတယ်။ အစားအစာတောင် မပြည့်စုံတာ၊ ဆေးဝါးဆိုတာ မပြောနဲ့ ဖောလစ်အက်စစ် (ကိုယ်ဝန်ဆောင်မိခင်များသောက်သုံးဆေး) တောင် မသောက်နိုင်တာ ဘယ်လိုကလေးမွေးမယ်ဆိုတာ တွေးမိတိုင်း စိတ်ပူနေရတယ်" ဟု စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏ အစ်မဖြစ်သူက ပြောသည်။

ကလေးမွေးဖွားသူ အချို့မှာလည်း ကိုယ်ဝန်ဆောင်စဉ် အစာအာဟာရပြည့်ဝစွာ မစားသောက်နိုင်ခြင်း၏ နောက်ဆက်တွဲအဖြစ် မွေးဖွားပြီးနောက် နို့မထွက်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

"မိခင်တွေ အာဟာရချို့တဲ့လာတာကြောင့် မွေးဖွားပြီးခါစ ရက်သားအရွယ် ကလေးတွေကိုလည်း မိခင်နို့အစား ထမင်းကျွေးရတာတွေ ရှိတယ်။ စားနပ်ရိက္ခာနဲ့ဆေးဝါး မလုံလောက်တာကြောင့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်တွေ ကလေးမီးဖွားဖို့ အဆင်မပြေမှုတွေရှိလာတယ်‌" ဟု လေးဝတီ (သံတွဲ) စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ ဦးဖြိုးမောင်မောင်က ပြောသည်။

တစ်ဖက်တွင်လည်း ဆေးဝါးရှားပါးမှု၊ ဆေးရုံ/ဆေးခန်းပိတ်ထားမှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အချိန်မီ ဆေးဝါးကုသခွင့်မရသဖြင့် အသက်သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ သုံးသောင်းကျော်အထိရှိပြီး တောင်ကုတ်၊ ဂွမြို့နယ်တို့မှပါဝင်ကာ ကူညီထောက်ပံ့မှုနည်းပါးသဖြင့် စားဝတ်နေရေးအကျပ်အတည်းဒဏ်ကို ရင်ဆိုင်နေကြရသည်။

"စစ်ဘေးရှောင် အရေအတွက်များတာကြောင့် ကူညီစောက်‌ရှောက်ပေးမှုတွေ လုပ်ပေးပေမယ့် မပြည့်စုံတာတွေ ရှိတယ်။ တခါတလေဆို ကျနော်တို့မှာလည်း ရိက္ခာပြတ်သွားတော့ ကူညီပေးမှုတွေလည်း ရပ်သွားတာတွေရှိတယ်" ဟု သံတွဲမြို့နယ်က စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၇ သိန်းနီးပါး တိုးလာနေပြီး ထိုအထဲတွင် ကလေးငယ်နှင့် အမျိုးသမီး အများစုပါဝင်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးခက်အခဲဒဏ်ကို ပို၍ ခံစားနေကြရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...