နယ်စပ်ငွေလိမ်ဂိုဏ်းမှ လွတ်မြောက်လာသူ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းက ကယ်တင်စစ်ဆေးနေ

နယ်စပ်ငွေလိမ်ဂိုဏ်းမှ လွတ်မြောက်လာသူ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းက ကယ်တင်စစ်ဆေးနေ

ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှားနိုင်ငံသား တစ်ဦးနှင့် ရုရှား နိုင်ငံသားတစ်ဦးတို့ဖြစ်ပြီး ထိုင်းအာဏာပိုင်များက ကယ်တင်ကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာသံရုံးများထံ ချိတ်ဆက် လွှဲပြောင်းသွားရန် လုပ်ဆောင်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနအချို့၏ သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ နိုင်ငံခြားသား ၃၉ ဦးသည် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးရွာ ပြောင်းခင်းအနီးတွင် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီခန့်တွင် သောင်းရင်းမြစ်အနီးတွင် တွေ့ရှိပြီး ထိုင်းအာဏာပိုင်တို့က ထိုင်းဘက်ခြမ်းကို ကမ်းကူးခေါ်ယူကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ငွေလိမ်လုပ်ငန်းတွေက ခိုင်းတဲ့ နိုင်ငံခြားသား ၃၉ ယောက် ကမ်းပြန်ကူးဖို့ စောင့်နေတုန်း ထိုင်း စစ်တပ်က ခေါ်သွားတာမျိုးပေါ့၊ ပြီးရင်တော့ သူတို့သံရုံးတွေ ပြန်လာခေါ်တာမျိုးက လုပ်နေကျပဲလေ။ ထိုင်းဘက်က မြန်မာဘက်ကို ကမ်းကူးပြီး လာလုပ်တာလည်းရှိတယ်။ တရုတ်နယ်စပ်ဘက်ကနေ မြဝတီဘက်ကို ပြောင်းလုပ်တာမျိုးလည်း ရှိတယ်” ဟု မယ်ထော်သလေးရွာရှိ တရုတ်လောင်းကစားရုံလုပ် ငန်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ ရုရှား နိုင်ငံသားတစ်ဦးတို့ဖြစ်ပြီး ထိုင်းအာဏာပိုင်များက ကယ်တင်ကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာသံရုံးများထံ ချိတ်ဆက်လွှဲပြောင်းသွားရန် လုပ်ဆောင်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနအချို့၏ သတင်းဖော်ပြချက်များအရ သိရသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA၊ ကရင်နယ် ခြားစောင့်တပ်-BGF ထိန်းချုပ်ထားသည့် ကျေးရွာအချို့တွင် တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လောင်းကစား လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး နေ့စဉ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် အလုပ်သမားသစ်များ ခေါ်ယူနေသည်ဟု မြဝတီမြို့ခံများက ပြောသည်။

အဆိုပါ တပ်ဖွဲ့များ ထိန်းချုပ်ဒေသသို့ တရုတ်နှင့် တရုတ်နွယ်ဝင်များ ရွှေ့ပြောင်းရောက်ရှိလာမှုများရှိကာ လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေမှုများရှိသည်ကို သိရှိထားကြောင်း၊ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လက်ခံထားခြင်းဖြစ်ပြီး အုပ်ချုပ်ရေးပိုင်း စနစ်တကျဖြစ်ချိန်တွင် သင့်တော်သလို လုပ်ဆောင်သွားမည်ဟု DKBA ထိပ်ပိုင်းခေါင်ဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောဆိုထားသည်။

Photo- AEC News

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...