နယ်စပ်ငွေလိမ်ဂိုဏ်းမှ လွတ်မြောက်လာသူ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းက ကယ်တင်စစ်ဆေးနေ

နယ်စပ်ငွေလိမ်ဂိုဏ်းမှ လွတ်မြောက်လာသူ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်းက ကယ်တင်စစ်ဆေးနေ

ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှားနိုင်ငံသား တစ်ဦးနှင့် ရုရှား နိုင်ငံသားတစ်ဦးတို့ဖြစ်ပြီး ထိုင်းအာဏာပိုင်များက ကယ်တင်ကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာသံရုံးများထံ ချိတ်ဆက် လွှဲပြောင်းသွားရန် လုပ်ဆောင်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနအချို့၏ သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ နိုင်ငံခြားသား ၃၉ ဦးသည် မြဝတီမြို့တောင်ဘက် မယ်ထော်သလေးရွာ ပြောင်းခင်းအနီးတွင် နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၅ နာရီခန့်တွင် သောင်းရင်းမြစ်အနီးတွင် တွေ့ရှိပြီး ထိုင်းအာဏာပိုင်တို့က ထိုင်းဘက်ခြမ်းကို ကမ်းကူးခေါ်ယူကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။

“တရုတ်ငွေလိမ်လုပ်ငန်းတွေက ခိုင်းတဲ့ နိုင်ငံခြားသား ၃၉ ယောက် ကမ်းပြန်ကူးဖို့ စောင့်နေတုန်း ထိုင်း စစ်တပ်က ခေါ်သွားတာမျိုးပေါ့၊ ပြီးရင်တော့ သူတို့သံရုံးတွေ ပြန်လာခေါ်တာမျိုးက လုပ်နေကျပဲလေ။ ထိုင်းဘက်က မြန်မာဘက်ကို ကမ်းကူးပြီး လာလုပ်တာလည်းရှိတယ်။ တရုတ်နယ်စပ်ဘက်ကနေ မြဝတီဘက်ကို ပြောင်းလုပ်တာမျိုးလည်း ရှိတယ်” ဟု မယ်ထော်သလေးရွာရှိ တရုတ်လောင်းကစားရုံလုပ် ငန်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ ရုရှား နိုင်ငံသားတစ်ဦးတို့ဖြစ်ပြီး ထိုင်းအာဏာပိုင်များက ကယ်တင်ကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် သက်ဆိုင်ရာသံရုံးများထံ ချိတ်ဆက်လွှဲပြောင်းသွားရန် လုပ်ဆောင်နေသည်ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနအချို့၏ သတင်းဖော်ပြချက်များအရ သိရသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA၊ ကရင်နယ် ခြားစောင့်တပ်-BGF ထိန်းချုပ်ထားသည့် ကျေးရွာအချို့တွင် တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ လောင်းကစား လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး နေ့စဉ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင် အလုပ်သမားသစ်များ ခေါ်ယူနေသည်ဟု မြဝတီမြို့ခံများက ပြောသည်။

အဆိုပါ တပ်ဖွဲ့များ ထိန်းချုပ်ဒေသသို့ တရုတ်နှင့် တရုတ်နွယ်ဝင်များ ရွှေ့ပြောင်းရောက်ရှိလာမှုများရှိကာ လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေမှုများရှိသည်ကို သိရှိထားကြောင်း၊ သို့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် လက်ခံထားခြင်းဖြစ်ပြီး အုပ်ချုပ်ရေးပိုင်း စနစ်တကျဖြစ်ချိန်တွင် သင့်တော်သလို လုပ်ဆောင်သွားမည်ဟု DKBA ထိပ်ပိုင်းခေါင်ဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောဆိုထားသည်။

Photo- AEC News

February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...
Photo: KHRG
February 27, 2026
မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးသူအများဆုံး ကမ္ဘာ့(၁၁...
February 26, 2026
မြဝတီမြို့တောင်ဘက် ဖလူး-မဲကနယ်တောလမ်းတစ်နေရာတွင် သွားလာနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်...
Photo: KNU
February 25, 2026
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄...