စစ်ရေးအခြေအနေအရ ဖလမ်းမြို့တွင်းကိုယာဉ်ကြီး၊ ယာဉ်ငယ် အားလုံး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း အသိပေးထုတ်ပြန်

စစ်ရေးအခြေအနေအရ ဖလမ်းမြို့တွင်းကိုယာဉ်ကြီး၊ ယာဉ်ငယ် အားလုံး ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း အသိပေးထုတ်ပြန်

လက်တလောဖြစ်နေတဲ့ စစ်ရေးအခြေအနေအရ ချင်းပြည်နယ် ဖလမ်းမြို့အတွင်း ယာဉ်ကြီး/ ယာဉ်ငယ်အားလုံး ဖြတ်သန်းသွားလာခြင်းမပြုဖို့ Falam Regional Committee က တားမြစ်တယ်လို့ ဒီကနေ့ နိုဝင်ဘာလာ ၁၃ ရက်နေ့မှာ အသိပေးထားပါတယ်။

လက်ရှိဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက် ရှိနေတာကြောင့်ဖြစ်ပြီး ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကိုလည်း ပြန်လည်အသိပေး ထုတ်ပြန်ပေးမယ်လို့ Falam Regional Committee က ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်အဖွဲ့က ဖော်ဆောင်လျက်ရှိတဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ဖလမ်းမြို့နဲ့ မင်းတပ်မြို့မှာ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ မြို့ပေါ်ရှိ စစ်ကောင်စီအခြေပြု စစ်စခန်းတွေအားလုံးကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိတယ်လို့လည်း ချင်းညီနောင်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ချင်းညီနောင်၏ စစ်ဆင်ရေးသတင်းတွေ၊ တိုက်ပွဲသတင်းတွေနဲ့ပက်သက်ပြီး သတင်းမှား၊ သတင်းတု ရေးသားဖြန့်ဝေတာမလုပ်ကြရန်နှင့် ချင်းညီနောင်ရဲ့ အောင်ပွဲသတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်သွားမယ်လို့လည်း ဆိုထားပါတယ်။

March 2, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ တပ်သားစုဆောင်းရာမှာ ဝေဖန်သံတွေ အွန်လိုင်းပေါ်ရောက်မှာ...
February 28, 2026
နှစ်ရှည်လများ အမှောင်ချခံထားရတဲ့ လွတ်မြောက်နယ်မြေဒေသတွေထဲ ချင်းပြည်နယ်ထဲက ဖလမ်း၊ ကန်ပက်လက်၊...
February 26, 2026
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ အိန္ဒိယ - မြန်မာ ( ပလက်ဝ...
February 25, 2026
“စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ‘...