မိုးကုတ်မြို့ လူအိပ်ချိန် စစ်ကောင်စီ ဗုံးကြဲ ပြည်သူ ၆ ဦး သေဆုံး

မိုးကုတ်မြို့ လူအိပ်ချိန် စစ်ကောင်စီ ဗုံးကြဲ ပြည်သူ ၆ ဦး သေဆုံး

မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူ ၆ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မြို့ခံများက ပြောသည်။

TNLA သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကို ယမန်နေ့ည ၁၁ နာရီ ဝန်းကျင်က ဗုံးကြဲရာ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ရပ်ကွက် လူနေအိမ်များပေါ် ကျရောက်ခဲ့ပြီး ပျက်စီးမှုများပြားသည်ဟု မြို့ခံ တဦးက ဆိုသည်။

“လေယာဥ်သံကြားပေမယ့် ဗုံးကြဲမယ် မထင်ဘူးလေ။ အိပ်ချိန်ဆိုတော့ မရှောင်ကြဘူး။ ဗုံးကျလို့ ပျက်စီးတဲ့ အိမ်တွေမှာ သေတာတွေရှိတယ်။ အရှေ့ပိုင်းမှာ ၃ ယောက်သေတယ်။ အနောက်ပိုင်းမှာ ၃ ယောက်သေတယ်ပြောတယ်” ဟု မိုးကုတ် မြို့ခံကပြောသည်။

ဗုံးကြဲမှုကြောင့် လယ်ဦးရပ်ကွက်ရှိ လူနေအိမ် ၉ အိမ် ထိခိုက်ပျက်စီးပြီး လူ ၃ ဦး သေဆုံးကြောင်း မြို့အနောက်ဘက်တွင်လည်း နေအိမ်များပျက်စီးပြီး လူ ၃ ဦး သေဆုံးကြောင်း သိရသည်။

“ဗုံးထပ်ကြဲမှာစိုးတယ်။ မြို့ပေါ်ကြဲတော့ ပြည်သူပဲ ထိမှာပေါ့။ ခုည မအိပ်ရဲတော့ဘူး” ဟု တခြားမြို့ခံ တစ်ဦးက ဆိုသည်။

မိုးကုတ်မြို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က TNLA အပြီးသတ် သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများလည်း မရှိခဲ့ရာက ယခုကဲ့သို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

July 11, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာရှိ စိန်လုံလုပ်ကွက်တွင် မကြာသေးမီက...
July 10, 2026
ရှမ်းပြည် တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့်...
July 10, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ...
July 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် Kpay ပြေစာအတုများ အသုံးပြု၍ ငွေလိမ်လည်ထုတ်ယူသူများ...