ရာသီဥတု မမှန်တာကြောင့် ဒီးမော့ဆိုက တောင်ယာစပါးစိုက်တောင်သူတွေ အရှုံးပေါ်

ရာသီဥတု မမှန်တာကြောင့် ဒီးမော့ဆိုက တောင်ယာစပါးစိုက်တောင်သူတွေ အရှုံးပေါ်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာသုံးရွာက တောင်ယာစပါး စိုက်ပျိုးထားတဲ့ တောင်သူတွေဟာ ဒီနှစ် စိုက်ပျိုးရာသီမှာတော့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရွေ့ပြောင်းတောင်ယာစနစ် ကျင့်သုံးတဲ့အတွက် အသစ်ခုတ်ထွင်စိုက်ပျိုးထားတဲ့ တောင်ယာစပါးခင်းတွေမှာ အထွက်နှုန်းကောင်းပေမယ့် ကျန်တောင်ယာစပါးခင်းတွေမှာတော့ အထွက်နှုန်း မမှန်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ယခုနှစ် ရာသီဥတု မမှန်တာကြောင့်လည်း အရှုံးပေါ်တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ တောင်ယာစပါး တော်တော်များများက မိုးမကောင်းတာ (မိုးရွာသွန်းချိန်မမှန်) နဲ့ပဲ မရဘူးပေါ့နော်။ ဒီနှစ်အတွက် မဖူလုံဘူးပေါ့” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ဆန်တစ်အိတ်ကို (၁) သိန်းဝန်းကျင်အထိ ပေးဝယ်ရပါတယ်။ ဝမ်းစာအတွက် စိုက်ပျိုးထားတဲ့ တောင်ယာစပါးတွေ အခုလို အရှုံးပေါ်နေတာကြောင့် ရေရှည် ဆန်ဝယ်စားရမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ သူမက အခုလို ဆက်ပြောပါတယ်။

“အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့နော်။ ဥပမာ - ဆေးရုံတက်ရမယ်ဆို ဆေးရုံပဲ တက်ရမလား ဆန်ပဲ ဝယ်စားရမလား အဲ့လိုမျိုးပေါ့။ တခြားသော အရေးတွေကို ဦးစားမပေးနိုင်တော့ဘူး”လို့ ပြောပါတယ်။

အဆိုပါ ကျေးရွာ၃ရွာဟာ ဒေါတမကြီးအုပ်စုအတွင်းကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းက သူတို့နေထိုင်ရာ ကျေးရွာဖက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တောင်ယာစပါးကို စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ယခုနှစ်မှသာ ပြန်လည်စိုက်ပျိုးကြတာဖြစ်ပါတယ်။

ကျေးရွာခံတွေဟာ စားဝတ်နေရေးဖြေရှင်းဖို့အတွက် တောင်ယာစပါးကို အဓိက စိုက်ပျိုးကြပြီး မြေပဲ၊ နှမ်းတို့ကိုလည်း စိုက်ပျိုးကြပါတယ်။ အဆိုပါ ကျေးရွာ (၃)ရွာမှာ အိမ်ခြေ (၂၀၀) ဝန်းကျင်ရှိပြီး တောင်ယာစပါးကို အိမ်တိုင်းနီးပါး စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

June 6, 2026
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools...
ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...