အိန္ဒိယက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့အပေါ် ကြိုဆိုတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော

အိန္ဒိယက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့အပေါ် ကြိုဆိုတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော
အိန္ဒိယက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့အပေါ်  ကြိုဆိုတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော
အိန္ဒိယက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့အပေါ် ကြိုဆိုတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော

အိန္ဒိယနိုင်ငံက မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားလာတဲ့အပေါ် ကြိုဆိုတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဒီနေ့(နိုဝင်ဘာလ ၅ ရက်နေ့) မှာ ပြောလိုက်ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ညနေပိုင်းမှာပြုလုပ်တဲ့ ဘုံသဘောထားရပ်တည်ချက်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ CNF နဲ့ NUG တို့က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

"အိန္ဒိယကို အကောင်းဖက်ကနေ ဦးတည်သွားလိမ့်မယ်လို့ ကျွန်တော်တို့က ယူဆတယ်။ လမ်းပိုပြီး ပွင့်လာတယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ ဒီအခင်းအကျင်းမှာ အိန္ဒိယက ပိုစိတ်ဝင်စားလာတယ်။ အဲဒီလိုမြင်လို့ရတယ်လို့" လို့ ချင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

အခုအချိန်မှာတော့ အိန္ဒိယနိုင်ငံဘက်က နယူးဒေလီမြို့မှာ နိုဝင်ဘာလထဲ ပြုလုပ်မယ့် ဆွေးနွေးပွဲတစ်ရပ်ကို အာရက္ခတပ်တော် (AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကို  ဖိတ်ခေါ်ထားပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယရဲ့ ယခုလိုချဉ်းကပ်လာမှုကိုတော့ ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ်။" လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း မြန်မာနိုင်ငံအတွက် အိန္ဒိယအပါအဝင် အိမ်နီးနားချင်းနိုင်ငံတွေရဲ့ စိတ်ဝင်စားမှုဟာ အရေးကြီးတယ်လို့လည်း ပြောပါတယ်။

"ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားသင့်တယ်လို့ ကျွန်မကတော့ မြင်တယ်။ ဒီလိုစိတ်ဝင်စားလာတာဟာ ကောင်းတဲ့လက္ခဏာလို့တော့ မြင်ပါတယ်။ သို့သော် ဒီစိတ်ဝင်စားမှုသည် ကျွန်မတို့ အမြဲတန်းပြောတယ်၊ မြန်မာပြည်သူလူထုရဲ့ aspiration (ပြင်းပြတဲ့စိတ်ဆန္ဒ)၊ မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုသားအားလုံး၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ aspiration ကို ထင်ဟပ်ဖို့လိုပါတယ်။" လို့ ဝန်ကြီးက ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းတုန်းကတော့ အိန္ဒိယ အထက်လွှတ်တော်အမတ်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်နယ်ထဲမှာ တွေ့ဆုံခဲ့ပါသေးတယ်။အခုအချိန်မှာတော့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ  တရုတ်နိုင်ငံကို သွားရောက်နေပါတယ်။

အိန္ဒိယလွှတ်တော်အမတ်နှင့် AA တာဝန်ရှိသူအချို့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ်

The Lairam Times

May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
May 7, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော်...