မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

မီဇိုးလူငယ်အသင်း (YMA) ၄ ကြိမ်မြောက်အစည်းအဝေးတွင် စစ်ဘေးရှောင်အရေး ဆွေးနွေး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ ငယ်အသင်း (YMA) ၏ ၄ ကြိမ်မြောက် အစည်းအဝေးတွင် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထည့် သွင်းဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Mualpui, Salem ရပ်ကွက် R. Dengthuama ခန်းမတွင် အောက် တိုဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော ၄ ကြိမ်မြောက် အစည်းအဝေးတွင် YMA မှ ကိုင်တွယ်မည့် အ ကြောင်းအရာ ၈ ခုနှင့် အစိုးရကိုင်တွယ်မည့် အကြောင်းအရာ ၃ ခုကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

အစိုးရမှ ကိုင်တွယ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြသော အကြောင်းအရာ ၃ ခုထဲတွင် မီဇိုရမ်ပြည်နယ်အ တွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာ့စစ်ဘေးရှောင်များအရေးကို ထည့်သွင်းခဲ့ကြသည်ဟု သိရသည်။

ယင်းမှာ အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များနေထိုင်မည့်နေရာ၊ ကြည့်ရှုစောင့် ရှောက်မည့် အစီစဉ်နှင့် စနစ်တကျဖြင့် ကိုင်တွယ်နိုင်မည့်နည်းလမ်းများ ရေးဆွဲချမှတ်ကာ တင်းကြပ်စွာ ဆောင်ရွက်သွားရန်ဖြစ်သည်ဟု သိရသည်။

မီဇိုးလူငယ်အသင်း (YMA) သည် မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သော အရပ်ဖက်အဖွဲ့အစည်းထဲတွင် ဩဇာအာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်သည်။

ကျင်းပသော မီဇိုးလူငယ်အသင်း၏ ၄ ကြိမ်မြောက်အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၂၀၀ ကျော် တက်ရောက်လာခဲ့ကြသည်ဟု သိရသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် ၃ သောင်းကျော်၊ မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ဘေးရှောင်လာသူ ထောင်ဂဏန်းထိရှိသည်ဟု သိရသည်။

June 20, 2026
လူထုခေါင်းဆောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်...
June 18, 2026
ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ကားလမ်းများကို အသုံးပြု၍ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပြုလုပ်နေသော...
June 17, 2026
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ ZRA-EC သည် ၎င်းတို့အဖွဲ့ဝင်တစ်ဦး...
June 16, 2026
ချင်းပူးပေါင်းတပ်နှင့် အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေ့သည့် ချင်းတောင်ပိုင်း၊...