သထုံထောင်က အကျဉ်းသားတွေကို စစ်မှုထမ်းစစ်သားဆောင်းစုဖို့ စစ်ကောင်စီ စီစဉ်

သထုံထောင်က အကျဉ်းသားတွေကို စစ်မှုထမ်းစစ်သားဆောင်းစုဖို့ စစ်ကောင်စီ စီစဉ်

မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို စစ်မှုထမ်းစစ်သားစုဆောင်းဖို့ စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ ထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က သထုံထောင်ထဲရောက်ရှိလာပြီး အကျဉ်းသားတွေရဲ့ တစ်ဦးချင်းကိုယ်ရေးအချက်အလက်တွေကို လာရောက်ကောက်ယူနေတာပါ။

အဲဒီစာရင်းကောက်ယူရာမှာ အကျဉ်သားတွေရဲ့ အမည်၊ အသက်၊ အိမ်ထောင်ရှိ/မရှိ၊ ပညာအရည် အချင်း၊ ကျန်းမာရေးကောင်း/မကောင်းအပါအဝင် ပြစ်ဒဏ်ကျခံနေရတဲ့ ပြစ်မှုအမျိုးအစားနဲ့ ထောင်ဒဏ်နှစ်တွေကိုပါ ကောက်ယူသွားပါတယ်။

စစ်ကောင်စီဘက်က အကျဉ်းသားတွေရဲ့ကိုယ်ရေးအချက်အလက် အသေးစိတ်လာရောက်ကောက် ယူသွားတဲ့အတွက် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေဟာ စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ထောင်နဲ့နီးစပ်သူတွေအရ ပြောပြချက်အရ သထုံခရိုင်အနေနဲ့ လာမယ့်စစ်မှုထမ်းအပတ်စဉ် ၇ အ တွက် စစ်မှုထမ်းပေးဆောင်ရဖို့ ရှိနေတဲ့အတွက် အသက်အရွယ်ပြည့်မီနေတဲ့ အကျဉ်းသားတွေကို စစ်မှုထမ်းခေါ်ဆောင်သွားနိုင်တယ်လို့ ဆိုပါတယ်။

အကျဉ်းသား ၇၀၀ ကျော်ရှိနေတဲ့ သထုံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၂၅ ဦး ရှိနေပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ပြစ်ဒဏ်ကျခံနေရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ သထုံခရိုင်မှာ စစ်မှုထမ်းတွေခေါ်မရတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း စစ်မှုထမ်းဖမ်းဆီးဖို့ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးမှုနဲ့ ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာ  စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ် ၅ အထိ စစ်သား စုဆောင်းခံရသူ ၂၁၀၀၀ ထက်မနည်းရှိခဲ့ပါတယ်။

စစ်မှုထမ်း စစ်သားစုဆောင်းရာမှာ ငွေကြေးနဲ့စည်းရုံးတာ၊ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာ၊ အ ကျပ်ကိုင်ဖမ်းဆီးခေါ်ဆောင်တာတွေကို ပိုလုပ်လာခဲ့ပြီး မြို့ပေါ်တွေထက် ကျေးရွာတွေ လူမြင်ကွင်းမှာ မမြင်တွေ့ရနိုင်တဲ့ အခြေအနေမှာ အဓိကလုပ်ဆောင်လာတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

Most read this week

ဓာတ်ပုံ-CJ
January 29, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ တောင်ဝိုင်းတောင် ဖြိုချမှုအပေါ်...
January 28, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ဖိအားကြောင့် ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့ဝင်တချို့ဟာ...
January 27, 2026
စစ်တပ် ဦးဆောင်ကျင်းပတဲ့ ၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲကနေ နောက်တက်လာမယ့် အစိုးရနဲ့ပတ်သက်ပြီး...
January 26, 2026
စစ်ကော်မရှင် အာဏာသိမ်းထားတဲ့ ၅ နှစ်ဝန်းကျင် ကာလအတွင်း ဒေသတွင်းက လူငယ်ထုကြားမှာ တရားမဝင်...