တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့ နယ်မှ ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အရပ်သား လေးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့ နယ်မှ ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အရပ်သား လေးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့်  ရွာသား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ လောင်းစပ်ကျေးရွာက ၃ ဦးနှင့် ငလက်ကျကျေးရွာက တစ်ဦးနှင့် ဒဏ်ရာရရှိသူ ၇ ဦးအထဲတွင် လောင်းစပ်ကျေးရွာမှ ၅ ဦးနှင့် ငလက်ကျကျေးရွာမှ ၂ ဦးတို့ ဖြစ်ကြသည်။

လောင်းစပ်ကျေးရွာမှ သေဆုံးသူ ၃ ဦးမှာ ဦးအောင်သိန်း (၇၅) နှစ်၊ ဉီးညို (၆၀) နှစ်နှင့်  ကိုဖြိုးမင်းသူ (၁၇) နှစ် တို့ဖြစ်ကြပြီး ဒဏ်ရာရသူ ၅ ဦးမှာ ဒေါ်တင်နု (၇၀)၊ ဒေါ်စိုးစိုး (၄၆) နှစ် ၊ မချစ်သက်ဝေ (၁၄) နှစ်၊ ဒေါ်နှင်းအိဖြူ (၃၉) နှစ်နှင့်  ဉီးတင်သိန်း (၅၈) နှစ် တို့  ဖြစ်ကြသည်။

ငလက်ကျကျေးရွာတွင် သေဆုံးသွားသူမှာ ဦးသိန်းဝင်း (၅၄) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ ဦး၏ အမည်ကို မသိရသေးဟု ဆိုသည်။

"  မွန်းလွဲပိုင်း ၂ နာရီခွဲလောက်မှာ မထင်မှတ်ဘဲ ကျေးရွာတွေထဲကို ကျလာတယ်။ ဒီရွာ နှစ်ရွာက ရွာနီးချင်းစပ်တွေပါ။ နပခကနေ ပစ်တာပါ။ အေအေထိုးစစ်ဆင်နေတာကို ပြန်ပစ်တာပါ။ အဲဒီမှာ ရွာထဲလာကျတာပါ။ အိမ်ကတစ်အိမ်နဲ့ တအိမ်က နီးနေတော့ ပြေးမလွတ်လိုက်ဘူးလေ။ လောင်းစပ် ရွာမှာ နေရာမှာ တင်ဘဲ ပွဲချင်း ၃ ယောက်သေတယ်။ ကျန်လူတွေက ပြင်းထန် ဒဏ်ရာရကြတယ်"ဟု သူကဆိုသည်။

ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးဆရာများနှင့် အရေးပေါ်  ကုသနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ တိုက်ပွဲကတော့ ပြင်းထန်ဖြစ်နေပါတယ်။ လေယာဉ်က လာသံနဲ့ ဗုံးကြဲတဲ့ အသံက ကြောက်စရာ ကောင်းပါတယ်။ နားတွေပိတ်ထားရပါတယ်။ မြေကြီးတွေ၊ အိမ်တွေ လှုပ်သွားတဲ့အထိ ပြင်းထန်ပါတယ်။ အရပ်သားတွေက နေစရာမရှိအောင်ထိ ထိတ်လန့်ကုန်ကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

အမ်းမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းများအား အေအေက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း အင်အားအများအပြားဖြင့် ခုခံနေသဖြင့် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွာနေသည်ဟု သိရသည်။

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...