လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

လောင်းလုံးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  အောက်တိုဘာ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ်၏ တောင်ဘက်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ အောက်ရေဖြူကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် အောက်ရေဖြူကျေးရွာအုပ်စုက  အောက်ရေဖြူ၊ ဂေါ့အင်း၊ ကဒက်ငယ်

ထိန်၊ ကထိန်ကြီး၊ စပ်ပြဲ၊ ညှင်းမော်နဲ့ ပိန္ဒဲတော စတဲ့ကျေးရွာတွေက  ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့  ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

 

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်ရေဖြူကျေးရွာအုပ်စုထဲက  ဒေသခံသုံးဦးသေဆုံးခဲ့သလို ဂေါ့အင်းကျေးရွာ နဲ့ စစ်ပြဲကျေးရွာက ဒေသခံ ၈ ဦးလည်း ထိခိုက်ရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း လောင်းလုံးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်မှုနည်းအောင် အရေးပေါ်အခြေအနေနှင့် ကျန်းမာရေးကိစ္စမှလွှဲပြီး ခရီးသွားလာခြင်း လုံးဝမပြုလုပ်ဖို့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ   ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၀,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့အစီအရ သိရပါတယ်။

ဓာတ်ပုံ-CJ
May 15, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ပေါ်မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...