တပ်ရင်းတစ်ရင်းလုံး ခွဲထွက်အဖွဲ့နဲ့ ပူးပေါင်းမှု မွန်ပြည်သစ်ပါတီအတည်ပြု ၊ တပ်ဖွဲ့ဝင်တွေ ပြန်လာကြဖို့ ဖိတ်ခေါ်

တပ်ရင်းတစ်ရင်းလုံး ခွဲထွက်အဖွဲ့နဲ့ ပူးပေါင်းမှု မွန်ပြည်သစ်ပါတီအတည်ပြု ၊ တပ်ဖွဲ့ဝင်တွေ ပြန်လာကြဖို့ ဖိတ်ခေါ်

ထိုင်း-မြန်မာနယ်စပ်ရှိ တပ်ရင်း ၅ နဲ့ ဘုရားသုံးဆူဒေသတစ်ခုလုံး  မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP AD)  ထံ သွားရောက်ပူးပေါင်းဖို့ နှစ်ဘက်အဖွဲ့ကြား ဆွေးနွေးသဘောတူညီခဲ့တာ လုံးဝမရှိခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်က ပြောပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း ၅ တစ်ရင်းလုံးနဲ့ ဆက်စပ်စခန်းတွေ အားလုံးရှိ တပ်ဖွဲ့ဝင်တွေက  NMSP-AD ထံ ပူးပေါင်းသွားခဲ့ပါတယ်။

အဲဒီကိစ္စအပေါ် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ဘက်က အောက်တိုဘာ ၁၇ ရက်နေ့ကျမှသာ တပ်ရင်း ၅ က တပ်မှူးတွေ တပ်သားတွေအားလုံး မိခင်ပါတီထံ ပြန်လာကြဖို့ အမိန့်ညွန်ကြားပြီး တိုက် တွန်းလာတာပါ။

အောက်တိုဘာ ၅ ရက်နေ့ ရက်စွဲနဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်နဲ့ ဗဟိုစစ်ဌာနချုပ်ရုံးကို ပေးပို့ခဲ့တဲ့ စာအရ တပ်ရင်း ၅ က တပ်ရင်းမှူးနဲ့ တပ်သားတွေအားလုံး ဆွေးနွေးဆုံးဖြတ်ချက်ချပြီး ခွဲထွက်အဖွဲ့ NMSP AD ထံ ပူးပေါင်းလိုက်တာဟာ မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ဗဟိုဘက်က ဆိုပါတယ်။

ဒါကြောင့် တပ်ရင်း ၅ ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ဝင်တွေ ခွဲထွက်အဖွဲ့ NMSP AD ထံ သွားရောက်ပူးပေါင်းဖို့ မွန်ပြည်သစ်ပါတီဗဟိုနဲ့ NMSP AD တို့ကြား တစ်စုံတစ်ရာဆွေးနွေးပြီး သဘောတူညီခဲ့တာ လုံးဝမရှိဘူးလို့ ရှင်းလင်းလာတာပါ။

အထက်ကနေ အောက်အဆင့်ရှိ ပါတီဝင်တွေ တပ်ဖွဲ့ဝင်တွေ ဘယ်ပုဂ္ဂိုလ်မဆို မိမိတို့အလိုဆန္ဒရှိရင် ပါတီကနေ နုတ်ထွက်ခွင့် တောင်းဆိုနိုင်သလို ခွင့်ပြုချက်ရပြီးရင်လည်း သွားလိုရာသွားနိုင်တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

တစ်ဘက်မှာ ပါတီဝင်နဲ့ တပ်မှူးတပ်သားတွေအနေနဲ့ ဗဟိုရဲ့ အမိန့်ညွန်ကြားချက်ကိုခံယူပြီး သစ္စာအဓိဌာန် ၅ ရပ်အပေါ် ခိုင်မာစွာ စောင့်ထိန်းကာ မိခင်ပါတီထံ အားလုံးပြန်လာကြဖို့ မွန်ပြည်သစ်ပါ တီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက တိုက်တွန်းအသိပေးတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဟာ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ သက်တမ်းရင့် တိုင်း ရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာဏာသိမ်းမှုအတွင်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...