ကရင်နီပြည်တပ်မတော်ဟာ စစ်အာဏာရှင်ပြုတ်ကျရေးကိုသာ ကိုင်စွဲထားပြီး တခြားရည်ရွယ်ချက်မရှိဘူးလို့ စစ်ရေးချုပ်ပြော

ကရင်နီပြည်တပ်မတော်ဟာ စစ်အာဏာရှင်ပြုတ်ကျရေးကိုသာ ကိုင်စွဲထားပြီး တခြားရည်ရွယ်ချက်မရှိဘူးလို့ စစ်ရေးချုပ်ပြော

နှစ်ပေါင်း ၇၆ နှစ်ကြာ အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်လာခဲ့တဲ့ ကရင်နီပြည်တပ်မတော် KA ဟာ အခုလက်ရှိအချိန်ထိ စစ်အာဏာစနစ်ပြုတ်ကျရေးကလွဲပြီး တခြားတော်လှန်ရည်ရွယ်ချက်မရှိဘူးလို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က‌ ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

“ကျနော်တို့ ကရင်နီက သီးခြားလွတ်လပ်တယ်လေး။ စစ်အုပ်စုက လူတအားဖိနှိပ်သတ်ဖြတ်တယ်ဆိုတော့ တော်လှန်ရမှာပေါ့။ ကျနော်တို့ တော်လှန်ရမယ် လူမျိုးစုတိုင်းကသူ့ကိုတိုက်နေတယ်လေး။ အဲ့တော့ဘယ်အချိန်မှာ ရပ်မလဲဆို စစ်အုပ်စု ရပ်တဲ့ အချိန်မှနားမှာပေါ့။ မပြုတ်မချင်း‌တော့တိုက်ရမယ်လေး။ ပြည်နယ်ထဲ ထပ်ပြီးတော့ ရှုပ်ပွအောင် လာလုပ်ရင်တော့ ပြန်ပြီးတော့ တိုက်ထုတ်ရမှာပေါ့။ အဲ့ဒါနောက်မှ တဆင့်တဆင့်လာမယ်လေ” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောပါတယ်။

ကရင်နီပြည်တပ်မတော်ကို ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ နဲ့ ကရင်နီပြည်သူလူထုကို ကာကွယ်ဖို့ ၊ ကရင်နီတစ်မျိုးသားလုံးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင် ပြုတ်ကျရေးသာ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် ( NCA) မှာ ကရင်နီပြည်တပ်မတော်က လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေမဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ် ၊ မတ်လ ခုနှစ်ရက်နေ့မှာ ပြည်နယ်အဆင့်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ တိုက်ပွဲပြန်လည်ဖော်ဆောင်လာခဲ့ပြီး အဲ့ဒီအချိန်ကစလို့ ၂၀၂၄ ခုနှစ် မေလအထိ ကရင်နီပြည်တပ်မတော် KA မှာတပ်သား ၆၆ ဦးကျဆုံးခဲ့တယ်လို့ ပြောပါတယ်။

၁၉၆၉ ခုနှစ်ကနေ၂၀၁၇ ခုနှစ်ထဲမှာ ကျန်းမာရေးအခြေအနေကြောင့် ကျဆုံးသူ၊ တိုက်ပွဲကြောင့် KA တပ်ဖွဲ့ဝင် ကျဆုံးသူပေါင်း ၅၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေး ၃နှစ်ကျော်အတွင်း တပ်သားကျဆုံးမှု အရေအတွက်ဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း တပ်သားကျဆုံးမှု အများဆုံးဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို အလိုမရှိတဲ့ လူငယ်တွေဟာ ကရင်နီပြည်တပ်မတော် KA မှာ ဝင်ရောက်လာကြပြီး အာဏာရှင်စနစ်ကို တော်လှန်နေကြပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...