ချင်းစစ်ရှောင်စခန်း တောင်ကျရေ‌ကြီးမှုကြောင့် သားအမိ ၂ ဦးသေဆုံး

ချင်းစစ်ရှောင်စခန်း တောင်ကျရေ‌ကြီးမှုကြောင့် သားအမိ ၂ ဦးသေဆုံး

ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော - ကျောက်ထုလမ်းပိုင်းမှာရှိတဲ့  ချင်းတိုင်းရင်းသား စစ်ရှောင်စခန်းတစ်ခုတွင် ရုတ်တရက် တောင်ကျချောင်းရေကြီးမှုဖြစ်ပြီး မင်းတပ်ဒေသခံ စစ်ဘေးရှောင်သားအမိ ၂ ဦး ရေစီးဖြင့် မျောပါသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘလ ၂၅ ရက် ညနေပိုင်း ၆ နာရီခန့်တွင် ချင်း - မကွေးနယ်စပ်ရှိ  ဆော - ကျောက်ထုလမ်းပိုင်းထဲက စစ်ရှောင်စခန်းများအတွင်း ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့မှုကြောင့် မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ၊ ကြားဒိုရွာမှ အသက် ၃ နှစ်အရွယ် မောင်နိုင်းနိန်နှင့် မိခင်ဖြစ်သူ အသက် ၄၀ ခန့်ရှိ ဒေါ်နိုင်းချေးတို့ သေဆုံးသွားခဲ့ကြောင်း  CDF – မင်းတပ်မှ တာဝန်ရှိသူ တောခိုကြီး က ပြောသည်။

“ စစ်ဘေးရှောင်စခန်း ၂ ခု ရေဘေးသင့်နေချိန် ကျနော်တို့အနေနဲ့ အနီးစပ်ဆုံးမှာရှိနေခဲ့တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကိုသာ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး‌လုပ်နိုင်ခဲ့ပါတယ်။ ချင်းနဲ့ယောအစပ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ချက်ချင်းကြီး ကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ပါဘူး။ ယောနဲ့ချင်းအစပ်က စစ်ဘေးရှောင်စခန်းက အားလုံးနီးပါးပျက်စီးသွားခဲ့သလို သားအမိနှစ်ဦး ရေထဲမျောပါသွားခဲ့ပါတယ် စစ်ရှောင်ပြည်သူတွေပြောပုံအရ မရမကဆွဲဖမ်းခဲ့ပေမဲ့ တောင်ကျချောင်းရေအရှိန်ကြောင့် ဆွံမရခဲ့ဘူးတဲ့” ဟု ကိုတောခိုကြီးက ပြောသည်။

တောင်ကျချောင်းရေကြောင့် မျောပါသေဆုံးသွားသော သားအမိ ၂ ဦးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်ရရှိခဲ့သော်လည်း မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို ပြန်မရသေးကြောင်း သိရသည်။

လက်ရှိတွင် အစားအသောက်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အိုခွက်ပန်းကန်အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေပြီး ချင်းနှင့် မကွေးအစပ်ရှိ ချင်းစစ်ဘေးရှောင်ပြည်သူ ၅၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သိရသည်။

၂၀၂၁ ခုနှစ်ကစပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ကန်ပက်လက်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မကွေးတိုင်းကျောက်ထုမြို့နယ် နှင့် ဆောမြို့နယ်တွေမှာ ချင်းစစ်ဘေးရှောင်များ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

July 9, 2026
စစ်ရေးပဋိပက္ခကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ တိမ်းရှောင်လာကြသည့် ခမ်းပတ်နှင့်...
July 8, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF - ဟားခါး) ၏ တပ်စခန်းတစ်ခုကို...
July 7, 2026
ချင်းပြည်မြောက်ပိုင်း၊ တွန်းဇံမြို့ပေါ်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများမှ...
July 6, 2026
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချဲရက်စ် (တာမန်မာလူးရီး) ရှိ ညဈေးတန်းကို မလေးရှား အာဏာပိုင်...