မလေးရှားက ကုလ(UN )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေက UN က စောင့်ရှောက်မှုအမြန်ဆုံးပေးဖို့ ဆန္ဒပြတောင်းဆို

မလေးရှားက ကုလ(UN )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေက UN က စောင့်ရှောက်မှုအမြန်ဆုံးပေးဖို့ ဆန္ဒပြတောင်းဆို

မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေကို ကုလ (UN) ရဲ့စောင့်ရှောက်မှု အမြန်ဆုံး ပေးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကုလ(UNHCR )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေက ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒပြတဲ့အထဲပါဝင်သူ တစ်ဦးက “ဆန္ဒပြတဲ့ထဲမှာ CDM တွေရောဒုက္ခသည်တွေလည်းပါတာပေါ့နော် အကုန်လုံး ၃ ရာကျော်နီးပါးလောက်ရှိမယ်။ အဓိကတော့ စစ်အာဏာသိမ်းပြီးနောက်ပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် CDM သမားတွေ ချင်းပြည်သူတွေက မလေးရှားကို တရားမဝင်လမ်းကြောင်းကနေ အများဆုံးရောက်လာတယ် မလေးရှား ရောက်နေတဲ့ CDM သမားနဲ့ဒီအရပ်သားစစ်ပြေးဒုက္ခသည်တွေက UN ရဲ့စောင့်ရှောက်မှုမရကြဘူးပေါ့နော် အဲဒါ UN ရဲ့ ေစာင့်ရှောက်မှုအမြန်ဆုံးရရှိဖို့ တောင်းဆိုတာဖြစ်တယ်” လို့ Chin World Media ကိုပြောပါတယ်။

တောင်းဆိုတဲ့ထဲမှာ ဒုက္ခသည်တွေကို လုံခြုံရေးအစောင့်တွေက ရိုင်းစိုင်းကြမ်းတမ်းစွာ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ အထင်သေး၊ ခွဲခြားဆက်ဆံခြင်းမပြုဘဲ ဒုက္ခသည်တွေကို ကောင်းမွန်စွာဆက်ဆံပေးဖို့ နဲ့  ၂၀၁၈ ခုနှစ်အတွင်း ချင်းဒုက္ခသည်တွေအပေါ် ကဒ်ရပ်ဆိုင်းရေးမူဝါဒကာလအတွင်း UNHCR ကဒ်တွေ မတရားသိမ်းဆည်းခံခဲ့ရတဲ့ ချင်းဒုက္ခသည်တွေကို တိုက်ရိုက်ဝင်ရောက်ခွင့်ပြုဖို့  စတဲ့ အချက်တွေကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

[ ၂၀၁၈ ခုနှစ် ချင်းဒုက္ခသည်တွေအပေါ် ကဒ်ရပ်ဆိုင်းရေးမူဝါဒသည်  ဒုက္ခသည်ကဒ်များကို ၂၀၁၉ ဒီဇင်ဘာအထိ သက်တမ်းတိုးပေးမည်ဖြစ်ပြီး ယင်းနောက် သက်တမ်းတိုးပေးမည်မဟုတ်ဘဲ ဒုတိယတစ်ခုမှာ အကာအကွယ်လိုအပ်သေးတယ်လို သူတို့က ယူဆရင် အင်တာဗျူးတစ်ခုလုပ်ပြီး  ဒုက္ခသည် အဆင့်ကို အတည်ပြုသည့် စာတစ်စောင်ကို UNHCR ကထုတ်ပေးနိုင်တဲ့ မူဝါဒ ကြေညာစာပဲဖြစ်ပါတယ်။ https://www.bnionline.net/mm/news-62588 ]

ဒီဆန္ဒထုတ်ဖော်ခြင်းကို Alliance of Chin Refugees (ACR) ၊  Chin Refugees Committee (CRC) ၊ အခြား ချင်းလူမျိုးစုအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာပါ။

မလေးရှားနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သမားတွေကို မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးတာ ၊ငွေညစ်တာစတဲ့ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်နေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နေရာဒေသအနှံ့က စစ်ဘေးဒုက္ခသည်များစွာ၊ CDM ဝန်ထမ်းများစွာနဲ့ လူငယ်အများစုဟာ မလေးရှားနိုင်ငံကို တရားဝင်ရော၊ တရားမဝင်တဲ့လမ်းကြောင်းကပါသွားရောက်ခဲ့ကြပါတယ်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...