ဖားကန့်မြို့နဲ့ဆိပ်မူကျေးရွာကနေ စစ်ဘေးတိမ်းရှောင်ထွက်ခွာသူတွေများပြားလာ

ဖားကန့်မြို့နဲ့ဆိပ်မူကျေးရွာကနေ စစ်ဘေးတိမ်းရှောင်ထွက်ခွာသူတွေများပြားလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ ဆိပ်မူကျေးရွာတွေကနေ မြို့ကြီးတွေဆီဘက်ကို အခုရက်ပိုင်းမှာ စစ်ဘေးတိမ်းရှောင်ထွက်ခွာလာသူတွေ များပြားလာတယ်လို့ ဒေသခံများက ပြောဆိုနေကြပါတယ်။

“ ခုထိစစ်ရေးက အတိအကျပြောဖို့ခက်တယ် ဖားကန့်ကတော့စစ်ရေးပြင်လာကြလို့ရှောင်တယ်၊ ဆိပ်မူက ဟိုတယ်တိုက်ပွဲ(Luckly Men Hotel)  ပြင်းထန်နေလို့ရှောင်တယ် လုံးခင်းဘက်ကိုလည်း ရှောင်လာကြတာရှိတယ် ရှောင်ကြဖို့စာနဲ့သတိပေးတာမျိုးမရှိပါဘူး သတင်းစကားပဲ” ဟု ရှောင်တိမ်းကြရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လုံးခင်းဒေသခံတစ်ဦးက အခုလိုပြောပြတာပါ။

များသောအားဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့  မြို့တွေဖြစ်တဲ့ ကချင်ပြည်နယ်ထဲက  မြစ်ကြီးနားမြို့ ၊မိုးညှင်းမြို့၊ မိုးကောင်းမြို့ နှင့် မန္တလေးတိုင်းဒေသကြီးဘက်ကိုလည်းရှောင်တိမ်းနေသူတွေရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၀ ရက်ကျော်ကတည်းက စပြီး ဖားကန့်မြို့နေလူထုတွေ တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

ဖားကန့်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ပွဲဖော်ဆောင်မှာဖြစ်တာကြောင့် အမြန်ဆုံးရှောင်ရှားကြဖို့ ဖားကန့်ဒေသခံတွေကြားမှာ ပြောဆိုမှုတွေရှိနေလို့ အခုလိုရှောင်တိမ်းနေကြတာဖြစ်ကြောင်း ဆိုပါတယ်။

“ စစ်တပ်ကိုတစ်နေရာမှမရှိခိုင်းတော့ဘူး စစ်တပ်ကိုအကုန်ဖြိုမယ်ဆိုပြီးပြောတာတဲ့ အေ့လိုပြောပြီး ရွာသားတွေကို အကုန်ရွှေ့ခိုင်းတာတဲ့  ဒါကြောင့်မို့ရွှေ့ကြတာလေလူတွေက သူတို့(KPDF)ကလုပ်မယ်ဘာညာပေါ့လေ” ဟု ဖားကန့်မြို့ပေါ်နေထိုင်သူတစ်ဦးက ဆိုပါတယ်။

တစ်ရက်ထက်တစ်ရက် တိမ်းရှောင်သူတိုးများလာတာကြောင့်  မြစ်ကြီးနားမြို့ပေါ်ရှိ တည်းခိုခန်းများ၊ဟိုတယ်များ၊ ငှားရမ်းနိုင်တဲ့အိမ်တွေ အားလုံးနီးပါးဟာ အခန်းလွတ်မရှိတော့ဘဲပြည့်နေပြီး မြို့တွင်းမှာလည်း လူဦးရေများပြားထူထပ်နေတယ်လို့  မြစ်ကြီးနားဒေသခံတွေက ပြောဆိုနေကြပါတယ်။

သို့သော် အခုလိုတိမ်းရှောင်သူတွေဟာ အမျိုးသမီးနဲ့ကလေးငယ် ၊သက်ကြီးရွယ်အိုများသာအများဆုံးဖြစ်ပြီး လူငယ်လူရွယ်အမျိုးသားများကတော့ လမ်းပိုင်းစစ်သားစုဆောင်းခေါ်ဆောင်မှုတွေကြောင့်  တိမ်းရှောင်ခြင်းနည်းပါးတယ်လို့ သိရပါတယ်။

Most read this week

January 31, 2026
မြစ်ကြီးနားမြို့လေဆိပ်မှာ နီပါးရ်ဗိုင်းရပ် ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ခရီးသည်တွေကို...
January 30, 2026
နယ်ခြားစောင့်တပ် BGF မှ ပြောင်းလဲဖွဲ့စည်းထားတဲ့ ကရင် အမျိုးသားတပ်မတော် (KNA) တပ်တွေဟာ...
January 29, 2026
ကချင်ပြည်နယ်အတွင်းသာ မှတ်ပုံတင်ထားတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံံ့ဖြိုးတိုးတက်ရေးပါတီ...
January 28, 2026
ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော်နေရာမှာ ကျားနီပါတီ(TNDP) မှ ကိုယ်စားလှယ်လောင်း...