ဧည့်စာရင်းတိုင်ရာ၌ အုပ်ချုပ်ရေးမှူးတောင်းသည့် ငွေကြေးကို ဒေသခံများပေးနေရ

ဧည့်စာရင်းတိုင်ရာ၌ အုပ်ချုပ်ရေးမှူးတောင်းသည့် ငွေကြေးကို ဒေသခံများပေးနေရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် ဧည့်စာရင်းတိုင်ကြားရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောင်းသည့်ငွေကြေးကို ပေးဆောင်နေရသည်ဟု မြို့နေဒေသခံများက စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဧည့်စာရင်းအကြောင်းပြ စစ်ခြင်းနှင့် ဧည့်စာရင်းတိုင်ခြင်းများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက စတင်လုပ်ဆောင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံခြင်းများကို စတင်လုပ်ဆောင်လာသည်ဟု ရပ်ကွက်အတွင်း အိမ်ငှားနေထိုင်သူ ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။

“အရင်ကဆို ငွေမပေးရဘူး။ အခုနောက်ပိုင်း ဒီရပ်ကွက်တွေမှာ ခဏခဏ ဧည့်စာရင်းတိုင်ခိုင်းပြီး အုပ်ချုပ်ရေးမှူး က တစ်ခါတိုင်ရင် သုံးထောင်ပေးရတဲ့အပြင်ကိုမှ တစ်လတစ်ခါတိုင်တဲ့အခါမှာလည်း နောက်ထပ် ၄၀၀၀ ကျပ် ထပ်ပေးရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြို့ပေါ်ရှိ ဝဲကျွန်းမြို့သစ်ရပ်ကွက်၊ ကျောက်မော်ရပ်ကွက်၊ ကြက်စားပြင်ရပ်ကွက်များတွင် ၇ ရက် တစ်ကြိမ်တိုင်ကြားရလေ့ရှိသလို ဆယ်ရက်တစ်ကြိမ် ဧည့်စာရင်းတိုင်ရခြင်းမျိုးလည်းရှိကာ ငွေကြေးပမာဏ များကို အုပ်ချုပ်ရေးမှူးကိုယ်တိုင်က တောင်းခံခြင်းဖြစ်သည်ဟု ကြက်စားပြင်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ထက်မံ ပြောဆိုသည်။

ဧည့်စာရင်းတိုင်ရာ၌ လက်ရှိနေထိုင်သည့် လူဦးရေအလိုက် ၄ လက်မှ ဆိုဒ်ဓာတ်ပုံ ၂ ပုံ ထုတ်ကာ အုပ်ချုပ်ရေးမှူး ထံပေးပို့တိုင်ကြားရသည်။ ဧည့်စာရင်းလာရောက် စစ်ဆေးချိန်တွင်လည်း သတ်မှတ်လူဦးရေထက်ကျော်လွန်နေပါက အရေးယူမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောဆိုထားသည်။

“ရပ်ကွက်တစ်ခုနဲ့တစ်ခုတော့ မတူဘူး။ ဧည့်စာရင်းတိုင်ရတဲ့ရက်လည်း မတူဘူး။ တချို့ရပ်ကွက်တွေမှာ တစ်ခြား ကနေ စစ်ဘေးလာရှောင်တဲ့ ရပ်ကွက်တွေရှိတယ်။ အဲ့လိုရပ်ကွက်တွေကျတော့ ငွေကြေးမတတ်နိုင် တဲ့ အခါကျတော့ ဧည့်စာရင်းမတိုင်ရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘာတာဝန်မှ မယူဘူးဆိုပြီးခြိမ်းခြောက် တာတွေကိုပါ လုပ်လာတယ်” ဟု အခြားဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထားဝယ်မြို့နှင့် ၇ မိုင်ကွာဝေးသည့် မောင်မယ်ရှောင်ရွာတွင်လည်း နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ ကျေးရွာအတွင်းသို့ ယမန်နေ့အထိ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လေ့ ရှိသည့်အတွက် ဒေသခံများ ရွာလုံးကျွတ် နီးစပ်ရာ မြို့ပေါ်နှင့် တောတောင်အတွင်းရှောင်တိမ်းနေ ရသည်ဟု သိရသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...