ထိုင်းရောက် စစ်ခေါင်းဆောင်းကို ဘန်ကောက်မြို့ UN ရုံးရှေ့တွင် မြန်မာလူငယ်များ ဆန္ဒပြ

ထိုင်းရောက် စစ်ခေါင်းဆောင်းကို ဘန်ကောက်မြို့ UN ရုံးရှေ့တွင် မြန်မာလူငယ်များ ဆန္ဒပြ
ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရန် ရောက်ရှိလာသည့် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အား မြန်မာလူငယ်တစ်စုက သွား ရောက်စုဝေး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း ထိုင်းသတင်းများအရ သိရသည်။

မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးဆောင်သော အဖွဲ့သည် ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံကာ ဩဂုတ်လ ၆ ရက်မှ ၇ ရက်နေ့အထိ နှစ်နိုင်ငံကိစ္စရပ်များကို ဆွေးနွေးရန် ဘန်ကောက်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြန်မာလူငယ်အချို့သည် “ရာဇဝတ်ကောင်ကို မကြိုဆို ပါ” ဟု ရေးသားထားသော ဘန်နာများကိုင်ဆောင်ကာ သွေးသစ္စာနှင့် ကမ္ဘာမကြေဘူး စသည့် နွေဦးတော်လှန် ရေး သီချင်းများသီဆိုကာ ဘန်ကောက်ရှိ UN ရုံးရှေ့တွင် ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြလူစုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အမျိုးသားက ထိုင်းမီဒီယာကို ဖြေကြားရာတွင် “မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဆိုတာ ဘယ်သူမှလက်မခံပါဘူး။ သူ့ကိုဘယ်သူမှ ခေါင်းဆောင်လို့ မသတ် မှတ်ဘူး။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ စစ်အာဏာရှင်နဲ့ ဆွေးနွေးမယ့်အစား ပြည်သူ့အစိုးရနဲ့ပဲ စကားပြောသင့် ပါတယ်” ဟု ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်း အခကြေးငွေပေးဆောင်ကာ ပြုလုပ်နေရသည့် CI (Certificate of Identity) စနစ် အပြင် စစ်အုပ်စုက ကောက်ခံနေသည့် အခွန်အခများသည် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် သက်ရောက်မှုရှိနေသည်များကိုလည်း ဆန္ဒပြလူငယ်များက မီဒီယာများထံ ထည့်သွင်းပြောဆိုခဲ့ကြသည်။

ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာ စစ်အုပ်စု ခေါင်းဆောင်အား ထိုင်းအစိုးရက အခမ်း အနားဖြင့် လက်ခံကြိုဆိုခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံကာ စုံညီအစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် နယ်စပ်ဒေသ တည်ငြိမ်လုံခြုံရေးအတွက် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းရန်၊ အလုပ်သမားများ၏ အခွင့်အရေးနှင့် သက်သာချောင်ချိရေးကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ပေးရန်၊ နယ်စပ်ဖြတ်ကျော် လေထုနှင့် ရေထုညစ်ညမ်းမှုအပေါ် နည်းပညာဖြင့် ပူးတွဲဆောင်ရွက်ရန်အပြင် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးသဘောတူခဲ့ကြသည်။

ထိုအထဲတွင် ရေထုညစ်ညမ်းမှုအတွက် ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးရန်၊ သတင်းအချက်အလက် ဖလှယ်ရန်နှင့် ကာကွယ်ဖြေရှင်းရေးအတွက် သုံးနှစ်သက်တမ်းရှိ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး TOR သဘော တူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခြင်းလည်း ပါဝင်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ကာ နိုင်ငံတကာတွင် တရားဝင်မှု ရရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိုင်းဘက်က လက်ခံတွေ့ဆုံမှုအပေါ် စစ်အာဏာရှင် ဆန့်ကျင်ရေး မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ဝေဖန်ပြောဆိုမှုများ ဆက် လက် ထွက်ပေါ်လျက် ရှိသည်။

Most read this week

ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...
မြဝတီမြို့နယ်အတွင်း မြင်တွေ့ရသည့် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းအချို့။ / Credit: Naphat Kongchan
September 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းအထက်ဘက်ရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်...
September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...