ရေဘေးလှူသည့် KBZ pay အကောင့်များ အပိတ်ခံနေရ

ရေဘေးလှူသည့် KBZ pay အကောင့်များ အပိတ်ခံနေရ

ယခုရက်ပိုင်းအတွင်း ရေဘေးကူညီရန်အတွက် ငွေလွဲသည့် KBZ Pay အကောင့်များနှင့် ပြည်သူများ၏ အကောင့်များကို ငွေကြေးခဝါချမှုဆိုင်ရာတိုက်ဖျက်ရေးအဖွဲ့မှ သံသယရှိသည်ဟုဆိုသည့် အကြောင်းပြချက်ဖြင့် ပိတ်ခံရမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ပထမအပတ်မှစတင်၍ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် ရေဘေးရှောင်နေရသည့် ပြည်သူများအား ပြည်တွင်းပြည်ပမှ အလှူရှင်များက တတ်နိုင်သည့်ဖက်မှ ကူညီနေကြသော်လည်း အချို့နေရာများတွင် KBZ Pay အကောင့်များကို အကြောင်းအရင်းမရှိ ပိတ်ခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ၁၆ ရက်က ပိတ်ခံရတာ၊ အကြောင်းအရင်းမရှိပဲ ဒီတိုင်းပိတ်လိုက်တာ call center ကိုဆက်တော့လည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က သံသယရှိလို့ ဆိုပြီး ဘာမှလည်း မလုပ်ပေးဘူး” ဟု ၎င်းကပြောသည်။

အလားတူ ကရင်ပြည်နယ်တွင်နေထိုင်သည့် ပြည်သူတစ်ဦး လည်း အကောင့်အပိတ်ခံရပြီး တစ်ပတ်အကြာတွင် ဖုန်းဆင်းမ်ကဒ်ကိုပါ အပိတ်ခံရကြောင်း သိရသည်။

“Kpay အကောင့်ပိတ်ခံရပြီး တစ်ပတ်လောက်နေတော့ ဖုန်း ဆင်းမ်ကဒ်ကိုပါ ပိတ်ချလိုက်တာ၊ ရေဘေးတောင်မလှူရသေးဘူး၊ ၁၆ ရက်နေ့ ညကလည်း တော်တော်များများ အပိတ်ခံရတယ်လို့ပြောတယ် အကြောင်းမရှိ အကြောင်းရှာပြီးတော့ ပိတ်နေတာ” ဟု အကောင့်ပိတ်ခံရသည့်သူက ပြောသည်။

ထိုသို့ အပိတ်ခံရမှုများအကြောင်းလိုင်းပေါ်တင်သည့် ပြည်သူများကို စစ်တပ်၏လော်ဘီဖြစ်သည့် ဟန်ငြိမ်းဦးမှ ၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် ပြည်သူများ ရေဘေးအတွက် ငွေမလှူရဲအောင် မဟုတ်မမှန်သတင်းလွှင့်သည်ဟုဆိုကာ စွပ်စွဲပြောဆိုမှုများလည်းရှိကြောင်းသိရသည်။

ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ် ငွေကျပ် (၁၀) ဘီလျံအား မတည်လှူဒါန်းထားသည်ဟု ကြေညာထားပြီး မြေပြင်၌ တပိုင်တနိုင်ပါဝင်ကူညီနေသည့် ပြည်သူများ၏ အကောင့်များကိုတော့ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ အကြောင်းအရင်းအမျိုးအမျိုးဖြင့် လိုက်လံပိတ်ပင်နေခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...