ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာမှာ လွိုင်ကော်ကနေ စစ်ဘေးရှောင်လာသူ (၁၈)ဦး ရေစီးနဲ့မျောပါသေဆုံး

ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာမှာ လွိုင်ကော်ကနေ စစ်ဘေးရှောင်လာသူ (၁၈)ဦး ရေစီးနဲ့မျောပါသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ စစ်ရှောင်နေကြတဲ့ လွိုင်ကော်ဒေသခံပြည်သူ ၁၈ ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရေစီးနဲ့ မျောပါသေဆုံးခဲ့တယ်လို့ သေဆုံးသူတွေနဲ့နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၂ရက်နေ့ ညနေပိုင်း ထမင်းချက်စားနေစဉ် တောင်ကျချောင်းရေကြောင့် အင်းတိမ်ချောင်း ရေစီးသန်လာပြီး လွိုင်ကော်ဒေသခံ စစ်ဘေးရှောင် ၁၈ဦးဟာ ရေထဲမျောပါ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ မီးဖိုဆောင်မှာ ထမင်းဟင်းချက်နေတုန်း ရေတွေတက်လာတာနဲ့ ရေထဲ ၁၈ ဦးမျောပါသွားတာ။ ညောင်ရွေမြို့နယ် အင်းထဲက အင်းတိန်ရွာမှာဖြစ်သွားတာ ကိုယ့်တူမလေး ၃၄ နှစ် နဲ့ တူမလေး၊ တူလေး ၂ နှစ်သား ယောကျ်ားလေး ရေထဲမျောပါသွားတယ်”လို့ သေဆုံးသူတွေနဲ့ နီးစပ်သူအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ရေထဲမျောပါ သေဆုံးသူတွေထဲ (၉)ဦးသာ အလောင်း တွေ့ရှိပြီး၊ ကျန်တဲ့ အလောင်းတွေကိုလက်ရှိအချိန်ထိ ရှာမတွေ့သေးဘူးလို့ ရှမ်းတောင်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားတာရှိပါတယ်။

အဆိုပါ အင်းတိန်ကျေးရွာမှာ လွိုင်ကော်မြို့ထဲက မိုင်းလုံးရပ်ကွက်၊ ထူဒူငံသ ရပ်ကွက်နဲ့ ရွာတန်းရှည် ဘက်က ပြည်သူတွေ  ၈၆ ဦး စစ်ဘေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

ရေထဲမျောပါသွားသူတွေရဲ့ အချက်အလက် အသေးစိတ်ကိုတော့ လက်ရှိချိန်ထိ အတိအကျ မသိရသေးပါဘူး။ လက်ရှိ အင်းတိန် ရွာမှာ ရေမြှင့်တက်နေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေမှာလည်း အားနည်းနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ ရေဘေးဒဏ် ရင်ဆိုင်ကြုံတွေ့နေကြသလို တိုက်ပွဲကြောင့် ရှမ်းပြည်နယ်ကို တိမ်းရှောင်နေကြတဲ့ ကရင်နီစစ်ရှောင်တွေလည်း ရေဘေးသင့်ဒဏ်ကို ကြုံတွေ့နေရတာပါ။

“အင်းလေးမှာ ကရင်နီစစ်ရှောင်တွေရှိတယ်။ ဘယ်လောက်ရှိနိုင်လဲတော့မသိဘူး။ ဘုန်းကြီးကျောင်းတွေမှာ စုနေကြတာမျိုးရှိပါတယ်။ အခုလည်းဘုန်းကြီးကျောင်းတွေမှာလည်း ရေကြီးကုန်ပြီ။ အကုန်လုံးအခက်ခဲတွေနဲ့ပဲ။”လို့ အင်းလေးရောက် ကရင်နီစစ်ရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေဆဲဖြစ်ပြီး ဆက်သွယ်ရေးလိုင်းပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ကူညီဆောင်ရွက်နိုင်ဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...
March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...
February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...