ရွှေကူကနေ ဆန်တက်လာတဲ့စစ်သင်္ဘော ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာ

ရွှေကူကနေ ဆန်တက်လာတဲ့စစ်သင်္ဘော ပစ်ခတ်ခံရလို့ ပြန်ဆုတ်ခွာ

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ၅ စီးဟာ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်း ဧရာဝတီမြစ်အထက်ဘက် ဗန်းမော်မြို့နယ်ကိုဦးတည်ဆန်တက်လာတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်သင်္ဘော ၅ စီးက  ဇင်းဘုံရွာအဝင်မှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေ KNG ကိုပြောပါတယ်။

“ ဒီမနက် ရွှေကူကနေတက်လာတဲ့စစ်သင်္ဘော ၅ စီး ရွှေကူအထက်ဘက်မှာ ကျနော်တို့ KIA နဲ့ PDF တွေ ပစ်ခတ်တာ ၉ နာရီ နဲ့ ၁၀ နာရီကြားလောက်မှာ။ သင်္ဘော ၂ စီးပျက်သွားပြီးတော့ ရွှေကူကိုအားလုံး ပြန်ဆုတ်သွားတယ်။”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်သင်္ဘောစတင်ထွက်ခွာတဲ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ကစလို့ စစ်ကောင်စီတပ်ဘက်က လေကြောင်းအကူနဲ့ မြေပြင်စစ်ကြောင်းတစ်ခုလည်း ရွှေကူမြို့တွင်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးဖို့ပြင်ဆင်နေတဲ့ စစ်ကြောင်းဟာ အင်အား ၅၀ ကျော်ရှိပြီး ရွှေကူ မြို့အထွက်ဆိုင်းဘုတ်အနီးရောက်ရှိနေပြီလို့သိရပါတယ်။

“ ၈ နာရီလောက်ကစထွက်တယ်။ ကုန်းကြောင်းကလည်း ရွှေကူမြို့အထွက်ဆိုင်းဘုတ်နားမှာ ဘာလုပ်မလို့ လဲမသိဘူး။ ထိုးကူဖို့ပြင်တာပေါ့လေ။ လေကြောင်းကလည်းတောက်လျှောက်ပစ်နေတာ။ သင်္ဘောကလည်း တောက်လျှောက်ပဲပစ်တာ”လို့ ရွှေကူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင်ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။

အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုတာအပြင် လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေး နေအိမ်တွေထိမှန်ပြီး အရပ်သား ၁၁ ဦးထက်မနည်းကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်အထက်ဘက်မှာရှိ စစ်တပ်စခန်းတွေကို ကုန်းကြောင်း၊ရေကြောင်းနဲ့ စစ်လက်နက်ရိက္ခာတွေပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

သို့သော် ကုန်းကြောင်းပို့ဖို့ ခက်ခဲလာချိန်မှာတော့ လေကြောင်းအကူနဲ့ ရေကြောင်းကို ဆန်တက်နေမြဲဖြစ်ပြီး ဒီတစ်ကြိမ်ဆန်တက်လာတာဟာ ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

April 4, 2026
ဖားကန့်မြို့နယ် မော်ဝမ်းကျေးရွာ စစ်ဗျူဟာကုန်းအနောက်ဘက်ခြမ်းရှိ အင်မားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ...
April 3, 2026
တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး...
April 2, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ်...
ကသာမြို့နယ်အတွင်းမြင်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ Photo - Crd
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို...