မူဆယ်မြို့ အတွင်း ပြည်သူ့ စစ်နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်

မူဆယ်မြို့ အတွင်း ပြည်သူ့ စစ်နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာလ ၁၃ ရက်) နေ့လည် ၁၂ နာရီခွဲဝန်းကျင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းတွင် မြို့မပြည်သူ့စစ် အဖွဲ့ နှင့် နမ့်ဖတ်ကာပြည်သူ့ စစ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွဲခဲ့ကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အချင်းချင်း ပစ်နေကြတာ ဟုတ်တယ်။မြို့မ ပြည်သူ့စစ်နဲ့ နမ့်ဖက်ကာ ပြည်သူ့ စစ်အချင်းချင်း ပစ်နေတာာ။ ထိတာတော့ ရှိတယ်။ ဘယ်လောက်ထိ ဘယ်‌လောက်သေလဲမသိရသေးဘူး။”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့သည် တရားဉပဒေ ကင်းမဲ့နေလျက်ရှိပြီး စီးပွားရေး နှင့် တရားဝင် လုပ်ငန်းများ စုံလလင်ပေါများနေသည့်အပြင် သေနတ်ပစ်ခတ်မှု မကြခဏဖြစ်ပွားနေကြောင်း အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ပြောချင်တာက စီးပွားရေးတွေကြောင့် သေနက်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုကလည်းက တရားဉပဒေ စိုးမိုးရေးဆိုတာ မရှိတော့ဘူး။သေနက်ကိုင်ဆောင်ခွင့်တွေ လောင်းကစားတွေ မူးယစ်ဆေးဝါးတွေ ပြည်သူ့စစ် နာမည်နဲ့ဆို လုပ်ပိုင်ခွင့် အပြည့်ပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်တွင် ပြည်သူများအတွက် လုံခြုံရေး ကင်းမဲ့နေပြီး လက်နက်ကိုင်များ ပေါများနေသည့် အတွက် ဒေသခံများ စိုးရိမ်စရာနေကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိသည်

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲမဖြစ်ပွားသေးသည့် ဒေသတစ်ခုဖြစ်နေသေးကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...