မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်း၊ ကလေးငယ် ၃၀ ကျော်ကို စောင့်ရှောက်ထားဟုဆို

မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်း၊ ကလေးငယ် ၃၀ ကျော်ကို စောင့်ရှောက်ထားဟုဆို

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းထားပြီး ကလေးငယ် ၃၀ ကျော်ကို ကျွေးမွေးပြုစုစောင့်ရှောက်ထားကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ ထံမှ သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ ULA/AA အပါအဝင် မဟာမိတ်တပ်ပေါင်းစုက ဇွန်လအတွင်း ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်စခန်းများမှ တောထဲသို့ ထွက်ပြေးခဲ့ရကြောင်း တပ်မဟာ – ၁ ဇူလိုင်လ ၂၀ ရက်က ထုတ်ပြန်သည်။

တောထဲသို့ ထွက်ပြေးစဉ်လမ်းခရီးတွင် ခရီးလမ်းကြမ်းတမ်းမှု၊ မိုးဒဏ် လေဒဏ်၊ အစာငတ်ဒဏ် ခံစားခဲ့ကြရပြီး မိသားစုဝင်အားလုံး ဆုံးရှုံးသော ကလေးငယ်များလည်း ပါဝင်ကြောင်းသိရသည်။

အသက်မပြည့်သေးသည့် ကလေးငယ် ၃၀ ထဲတွင် အများစုမှာ ခြေလက် သဲဝဲစားမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရပြီး ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့၏ ဆေးတပ်ဖွဲ့များက ဆေးဝါးကုသမှု ပေးအပ်နေဆဲဖြစ်ကြောင်း သိရသည်။

CDF – တပ်မဟာ ၁ ၏ ထုတ်ပြန်ချက်တွင် ဆေးဝါးကုသပေးနေသော ကလေးငယ် ၂ ဦးကို မေးမြန်းရာတွင် တောထဲ စစ်ဘေးရှောင်နေရစဉ်အတွင်း ၉ ရက်၊ ၁၀ ရက်ခန့် ထမင်းမစားခဲ့ရကြောင်း ဖြေဆိုထားကြသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ အာရက္ခတပ်တော် (ULA/AA)၊ YDF နှင့် Yaw Army တို့က ပူးပေါင်း၍ ဇွန်လ ၉ ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့သည်။

လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက်ကို ချင်းညီနောင်အဖွဲ့က ချမှတ်ထားကြောင်း သိရသည်။

June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...
June 22, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုက...
June 20, 2026
ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို အဓိက ဆက်သွယ်ထားတဲ့ မန္တလေး–မြစ်ကြီးနား...
June 19, 2026
တစ်လကျော်ကြာ တိုက်ပွဲများပြင်းထန်နေတဲ့ ရွှေကူမြို့နယ်အတွင်း ကျေးရွာတချို့မှာ အခြေခံစားသောက်ကုန်...