အမေရိကန်တွင် ကချင်ကျောင်းသား ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရ

အမေရိကန်တွင် ကချင်ကျောင်းသား ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရ

အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင် ကျောင်းသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းက ပြောသည်။

ဇူလိုင်လအတွင်းက ကချင်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ၂ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နှစ်ဦးစလုံးမှာ ဇူလိုင်လ တတိယအပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။

ဖမ်းဆီးခံရသူများထဲတွင် ကျောင်းသားတစ်ဦးကို တက္ကဆက်ပြည်နယ်ရှိ Dallas Fort Worth အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး ကျောင်းသူတစ်ဦးကိုမူ ဖလော်ရီဒါပြည်နယ်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ် တစ်ခုတွင် ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

အမေရိကန်ရောက် ကချင်အမျိုးသားတစ်ဦးက “၂၀၂၁ အာဏာသိမ်းပြီးနောက် အမေရိကန်ကို လာရောက်ပညာ သင်ယူရင်း နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားနေ တဲ့ ကျောင်းသားတွေကို ပစ်မှတ်ထားလာတာလို့ မြင်ပါတယ်။ ထရမ့်အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ပို့ဆောင်ရေးတွေ လုပ်ဆောင်နေပြီး အခုက မြန်မာ နိုင်ငံသားတွေအပေါ်လည်း သက်ရောက်လာတာလို့ ထင်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားကာ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသူများ ဖြစ်ကြသည်။

သို့သော် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခြင်းကြောင့် မဟုတ်ဘဲ အမေရိကန် အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူများ အပေါ် လူဝင်မှုကြီးကြပ်ရေး မူဝါဒတင်းကျပ်လာမှုနှင့် ဆက်စပ်နေကြောင်း အမေရိကန်ရောက် အခြား ကချင်အမျိုးသားတစ်ဦးက ဆက် ပြောသည်။

“ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ပို့ဆောင်ဖို့ အစိုးရဘက်က လုပ်ဆောင်နေတဲ့ စီမံချက်တွေနဲ့ သက် ဆိုင်ပါတယ်။ ဒီကာလအတွင်း လေဆိပ်တွေမှာ ICE အဖွဲ့ရဲ့ ဖမ်းဆီးမှုတွေ ပိုမိုတွေ့လာရပါတယ်။”

လက်ရှိရရှိထားသော အချက်အလက်များအရ တက္ကဆက်ပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား အတွက် မြန်မာအရပ်ဘက် အဖွဲ့အစည်းများက ညှိနှိုင်းဆောင်ရွက်ပေးနေပြီး မကြာမီ ပြန်လည် လွတ်မြောက် လာနိုင်ရန် မျှော်လင့်ထားကြောင်း ၎င်းကဆိုသည်။

ဖလော်ရီဒါပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသူအတွက်မူ လွတ်မြောက်လာနိုင်ရေး ဆက်လက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း အကူအညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။

အမေရိကန်အစိုးရသည် လူဝင်မှုကြီးကြပ်ရေးမူဝါဒတွင် ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့သည်။ ရှေးဦးပိုင်းတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများသည် အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) တွင် လျှောက်ထားပြီး အင်တာဗျူးပြုလုပ်ကာ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရခြင်း ဖြစ်သည်။

သို့သော် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် USCIS က ထုတ်ပြန်သည့် စည်းမျဉ်းသစ်အရ လျှောက်ထားသူ အချို့ကို အင်တာဗျူးမပြီးမီ လူဝင်မှုကြီးကြပ်ရေး တရားရုံးဆီသို့ တိုက်ရိုက်လွှဲပို့နိုင်တော့မည် ဖြစ်သည်။

အမေရိကန်အစိုးရဘက်ကမူ ဤပြောင်းလဲမှုသည် ခိုလှုံခွင့်ဆိုင်ရာ အမှုများကို ပိုမိုမြန်ဆန်စွာ စီမံနိုင်ရန်နှင့် လူဝင်မှုကြီးကြပ်ရေး စနစ်ကို ပိုမိုထိရောက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုထားသည်။

သို့သော် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများ အတွက်မူ တရားရုံးလုပ်ငန်းစဉ်ထဲသို့ ဝင်ရောက်ရနိုင်သဖြင့် အချိန်ပိုမိုကြာမြင့်လာနိုင်သလို ဥပဒေရေးရာ အကူအညီများပါ လိုအပ်လာနိုင်သည့် အခက်အခဲများကို ကြုံ တွေ့လာရနိုင်ကြောင်း အမေရိကန်ရောက် မြန်မာနိုင်ငံသားများက သုံးသပ်ပြောဆိုနေကြသည်။

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...