ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာ နေအိမ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာ နေအိမ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

ဝိုင်းမော်မြို့နယ် နောင်စီပေါကျေးရွာက နေအိမ်တစ်ခုအတွင်းကို  ဇူလိုင်လ ၁၁ ရက်နေ့  နေ့လည်အချိန်က  မြစ်ကြီးနားမြို့ စစ်ကောင်စီတပ်က  ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ အဖွားနဲ့ ညီမလေးအိမ်ထွက်ဖို့ ခြေတစ်လှမ်းနောက်ကျတော့ ကံကောင်ခဲ့ပေမယ့် မေလိမ့်ရွက်တို့အိမ်က ကံဆိုးခဲ့တယ်။ ရစရာမရှိ အကုန်ပျက်စီးကုန်တယ်” လို့ လက်နက်ကြီးကျရောက်ပေါက်တဲ့နေအိမ်ရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

လက်နက်ကြီးကြောင့် နေအိမ်ရဲ့ တံစက်မြိတ် ၊  ခေါင်မိုး ၊ တံခါးများ ၊ နံရံများ ပျက်စီးသွားတာလည်းဖြစ်ပါတယ်။

နောင်စီပေါကျေးရွာဟာ  စစ်ကောင်စီတပ်နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး အရပ်သားများအစု ကျေးရွာအတွင်း စစ်ဘေးမတိမ်းနိုင်ကြဘဲ ကျေးရွာမှာ ဆက်လက်နေထိုင်ကြဆဲဖြစ်ပါတယ်။

ဒီလိုပိတ်မိနေတဲ့အတွက်ကြောင့် စားသောက်ကုန်များ ၊ ဆေးဝါးများလည်း ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ ဆားတွေမစားရတာကြာပြီ ။ ဆေးဝါးဆိုလည်း ပျက်နေတယ်။ လူမှုကူညီရေးတွေလည်း သွားကူညီဖို့ခက်ခဲကြတယ်” လို့ ဝိုင်းမော် ဒေသခံတစ်ဦးက ပြောပါတယ်။

ပိတ်မိနေတဲ့သူတွေကိုကူညီနိုင်ဖို့အရေးဟာလည်း ဝိုင်းမော်မြို့အထွက်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးရေးကြမ်းနေသလို နောင်စီပေါကျေးရွာအနီးမှာလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက လုံခြုံရေးတင်းကြပ်ထားတာကြောင့် သွားလာရေးအတွက်အခက်အခဲက စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေကပြောပါတယ်။

“နောင်စီပေါမှာက  တော်တော်များများကျန်သေးတယ်။ အများကြီးကျန်အုံးမယ်။ အိမ်စောင့်တဲ့သူတွေလည်းကျန်အုံးမှာလေ၊ ကျွန်တော်တို့ ရှမ်းတွေဆို သိတဲ့အတိုင်းပဲ ကိုယ့်ပစ္စည်းကို နှမျှောလို့ မစွန့်ရက်တဲ့ဟာတွေအများကြီးရှိအုံးမယ် ၊ လူငယ်လူရွယ်ပိုင်းတွေက သိပ်တော့မရှိတော့ဘူးပေါ့နော် နိုင်ငံခြားသွားကုန်တာတို့ပေါ့နော်။ လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေကျန်အုံးမယ်” လို့ သူက ဆက်ပြောပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းက နောင်စီပေါကျေးရွာအုပ်စုမှာ အမျိုးသား  ၁၀၅၄ ဦး၊ အမျိုးသမီး  ၁၁၆၄ ဦး၊ လူဦးရေစုစုပေါင်း ၂၂၁၈ ဦးနေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပါတယ်။

မြစ်ကြီးနား-ဗန်းမော် လမ်းပိုင်းပေါ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအများစုဟာ ပြီးခဲ့တဲ့  KIA နဲ့ စစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို တိမ်းရှောင်ခဲ့တာလည်းဖြစ်ပါတယ်။

June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...