နှစ်စဉ်ရေဘေးဒုက္ခရင်ဆိုင်နေရသည့် မွန်ပြည်နယ်တွင် ရေးဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ အလုံအလောက်မရှိနေ

နှစ်စဉ်ရေဘေးဒုက္ခရင်ဆိုင်နေရသည့် မွန်ပြည်နယ်တွင် ရေးဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ အလုံအလောက်မရှိနေ

မွန်ပြည်နယ်အတွင်း မိုးရာသီကာလတွင် နှစ်စဉ် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိပြီး ရေဘေးအတွက် လုပ်ငန်းကြိုတင်ပြင်ဆင်ရာ၌  မြို့နယ်အားလုံးနီးပါး ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်း အလုံလောက်မရှိကြောင်း  ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

နှစ်စဉ် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်၊ ချောင်းရေလျှံပြီး ရေကြီးမှုဖြစ်ပွားလေ့ရှိသဖြင့်လိုအပ်သည့် ရေဘေးကယ်ဆယ်ရေး သင်တန်းပို့ချပေးသော်လည်း အသက်ကယ်အင်္ကျီ၊ လှေနှင့် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ လုံလောက်စွာမရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ရေတအားကြီးရင်တော့လှေနဲ့သွားကယ်ဖို့က လှေအဓိကလိုအပ်နေတယ်ပေါ့၊ ကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်နေတာ အများကြီးပေါ့နော်။ ကျတော်တို့အတွက်က သွားလာလို့ရပေမဲ့ လူတွေကိုကယ်လာဖို့ကအများကြီး ခက်ခဲ နေတယ်။ ဌာနဆိုင်ရာထံ တောင်းဆိုထားတယ်။ နှစ်တိုင်းဖြစ်နေပေမဲ့ ပြင်ဆင်ထားဖို့က အသက်ကယ် အင်္ကျီက အစဝယ်စုထားရတာရှိတယ်။ သူများလှူထားတာရယ်။ ပစ္စည်းတွေလိုအပ်နေတာ အများ ကြီးပေါ့နော် ”ဟု ရေးမြို့နယ်မှကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လှေနှင့် အခြားရေဘေးကယ်ဆယ်ရေးပိုင်းဆိုင်ရာပစ္စည်းတို့ လိုအပ်နေခြင်းကြောင့် အရေးပေါ်အခြေအနေတို့တွင် မီးသတ်အဖွဲ့တို့နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေရသည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသဖြင့် ကယ်ဆယ်ရေးအသင်းများက ရေဘေး အရေပေါ်ကူညီကယ်ဆယ်နိုင်ရန် လူအင်အားနှင့် ကယ်ဆယ်ရေးပစ္စည်းတို့ကို အသင့်ပြင်ဆင်ထားသည့်အပြင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချခြင်းတို့ကို လုပ်ဆောင်နေကြောင်း မော်လမြိုင်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ သီရိမြိုင်ဘက်ခြမ်း၊ ဇေယျာသီရိဘက်တို့ဆို ရေမြှုပ်တဲ့အိမ်တွေရှိတယ်။ တစ်ချို့မြေနိမ့်ပိုင်းနေရာမှာ ပုံမှန်နှစ်တွေတောင်မှရေပတ်နေတာပဲ၊ မိုးကြီးတာဆိုရင် ဆိုးဆိုးဝါးဝါး ဖြစ်ပြီးနော်၊ မြို့ပေါ်ကကျသူတို့ပြင်ဆင်တဲ့ အပိုင်းလေးတွေနဲ့သင်တန်းခေါ်ယူတာကရှိတယ်။ နယ်ဘက်ကျတော့မသိဘူး ”ဟု ၎င်းကပြောသည်။

ရေးမြို့နယ် မော့ကနင်းလမ်းပိုင်းနှင့် မုဒုံမြို့နယ် နှီးပဒေါလမ်းပိုင်းဘက်တွင် နှစ်စဉ် ကားလမ်းပိုင်း ရေကျော်မှုဖြစ်ပွားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေခြင်းကြောင့် ယခုနှစ်အတွင်း ကြိုတင်ကာကွယ်မှု ပိုမိုလုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နှစ်ဇူလိုင်လအတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ သောင်းနှင့်ချီ ရေဘေးဒုက္ခရင်ဆိုင်ခဲ့ရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...