၄၈ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်နေ့မှာ ချင်းတော်လှန်ရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြားပဠိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာကြဖို့ CCM ကတိုက်တွန်း

၄၈ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအောက်မေ့ဖွယ်နေ့မှာ ချင်းတော်လှန်ရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြားပဠိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာကြဖို့ CCM ကတိုက်တွန်း

ချင်းတော်လှန်ရေး အင်အားစုတွေအနေနဲဲ့ အမုန်းတရားကို အခြေခံတဲ့ လူမျိုးရေးနဲ့ အမျိုးသားရေး အမြင်ကိုတွေကို ကျော်လွှားပြီး ချင်းလူမျိုး အချင်းချင်းအကြားပဠိပက္ခတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ညှိနှိုင်းအဖြေရှာဖို့  ဒီနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့  (၄၈) နှစ်မြောက် ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့မှာ Chin Civic Movement(CCM) က တိုက်တွန်းစာထုတ်ပြန်ထားပါတယ်။

အာဏာရှင်နေဝင်းက ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ထောင်နှစ်ကြိမ်ကျခဲ့သလို ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခြင်းကို ရဲရဲရင့်ရင့်ခံယူခဲ့တဲ့ ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

မဆလ အာဏာပိုင်တွေက ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ခဲ့ခြင်းသည် မြန်မာနိုင်ငံရဲ့ အာဏာရှင်တော်လှန်ရေးသမိုင်းမှာ သမိုင်းဝင်မှတ်တမ်းတစ်ခု ဖြစ်တဲ့အပြင် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ မင်းတပ်မြို့ကနေ စတင်ခဲ့တဲ့ တူမီးတော်လှန်ရေးဟာလည်းအာဏာရှင်တော်လှန်ရေး အတွက် ပြယုဂ်တစ်ခုဖြစ်တယ်လို့လည်း CCM ကထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်ရဲ့ စစ်အာဏာရှင်တော်လှန်ရေးသည် မှတ်ကျောက်တင်ထိုက်သော်လည်း ယခုအခါ စစ်အာဏာရှင်တော်လှန်ရေးကို တည့်တည့်မျက်နှာမှုရာတွင် ဝေဝါးစေတဲ့ အချင်းချင်းကြား အသိအမှတ်ပြုမှုဆိုင်ရာ အားနည်းခြင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းတွေမှ တဆင့် အချင်းချင်းပစ်ခတ်သေကြေကြသည်အထိ ဖြစ်တဲ့ ပေါ် ချင်းပြည်သူတွေနဲ့အတူ များစွာဝမ်းနည်းရတယ်လို့လည်း CCM ကထုတ်ပြန်ပါတယ်။

ချင်းတော်လှန်ရေးအင်အားစုတွေ အနေနဲ့ အမုန်းတရားကိုခြေခံတဲ့ လူမျိုးရေးနဲ့ အမျိုးသားရေး အမြင်တွေကို ကျော်လွှားပြီး ချင်း အချင်းချင်းကြား ပဠိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းဖြင့် ညှိနှိုင်းအဖြေရှာကြဖို့နဲ့ လက်နက် နဲ့ဖြေရှင်းတဲ့ နိုင်ငံရေးနည်းလမ်းကို လုံးဝ ရှောင်ရှားကြဖို့ ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့မှာ CCM က တိုက်တွန်းလိုက်ထားပါတယ်။

February 10, 2026
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊...
February 9, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့အနီးအနားရှိ တောတောင်ဒေသတွေ အတွင်း ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့...
February 7, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ...
February 6, 2026
ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က...