ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ

ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ

ပန်ဝါမြို့ ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။

မြေရှားသတ္တုတွင်းမြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်မှာပြိုကျတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။

“ ဟုတ်တယ် လူ ၅၀ လောက်ပါသွားတယ်ပြောနေကြတယ် ထမင်းချက်တဲ့သူတွေရော အကုန်ပါတာတဲ့လောလောဆယ်ထိတော့ အခြေနေအသေးစိတ် ဘာကြောင့်ပြိုတာလဲဆိုတာတော့ မသိရသေးဘူးဗျ။ “လို့ပြောပါတယ်။

ဒေသခံတွေပြောချက်အရ ဇွန်လ ၁၉ ရက်ည ပြိုကျတဲ့ မြေရှားသတ္တုတွင်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့သားအဖရဲ့ လုပ်ကွက်အသစ်ဖြစ်တယ်လို့သိရပြီး ညနက်သန်းခေါင်မြေပြိုတာကြောင့် ကုမ္မဏီလုပ်ကွက်ထဲရှိနေတဲ့ ထမင်းချက်သူတွေအပါအဝင် လုပ်သားအားလုံးနီးပါး မြေပြိုကျသွားတဲ့ထဲမှာပါသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ လုံခြုံတင်းကြပ်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာကြောင့် သေဆုံးသူတွေရဲ့အမည်စာရင်း တိတိကျကျ သိရဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။

“ခုလောလောဆယ်က သိရသေးမှာမဟုတ် ဒီလုပ်ကွက်အားလုံးက သူတို့သားအဖတွေရဲ့လုပ်ကွက်ဘဲလေ ခုလောလောဆယ်ကရှာဖွေရေးလုပ်နေကြတာဆိုတော့ နောက် ၂ ရက် ၃ရက်လောက်မှ သိရမှာ” လို့ နောက်ထပ်ဒေသခံတစ်ဦး ကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း ပန်ဝါကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် ၃ က  မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက် မြေပြိုကျပြီး လုပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိသလို ဒီတစ်ကြိမ်သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။

ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက်  ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...
August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...