ခတ်ချိုကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် နှစ်းဦးသေဆုံးကာ ငါးဦးဒဏ်ရာရ

ခတ်ချိုကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် နှစ်းဦးသေဆုံးကာ ငါးဦးဒဏ်ရာရ

ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ  ဇွန်လ ၁၀ ရက်နေ့ည ၇ ခွဲကျော်အချိန်က နေအိမ်ထမင်းစားဆောင်ပေါ် လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့်  အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်း၏ဇနီး  စိုးရိမ်ရဒဏ်ရာနဲ့ ဆေးကုသနေရတယ်လို့ သိရပါတယ်။

“ သူတို့ ညနေ ၆ ခွဲ ၇ နာရီလောက်မှာ ထမင်းစားတာလေ၊ အိမ်ပေါ်ကနေဆင်းပြီးတော့မှ ၊ ကလေးနှစ်ယောက်ကို အိမ်ပေါ်မှာ သူ့အဖွား အဒေါ် တွေနဲ့ထားခဲ့ပြီးတော့မှ၊မီးဖိုချောင်မှာ ထမင်းသွားစားတာ ၊ အဲ့အချိန်မှာပဲ ၇ နာရီလောက်ဖြစ်တာပဲ” လို့  ထိခိုက်ဒဏ်ရသူအမျိုးသမီးရဲ့ ဆွေမျိုးတစ်ဦးက ပြောပြပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် ဆေးကုသဖို့အတွက် ဒဏ်ရရသူများကို ဝိုင်းမော်ဆေးရုံပို့ဆောင်စဉ် ဆေးရုံမရောက်မှီ လမ်းတစ်ပိုင်းမှာ  ထိုအမျိုးသားက  သေဆုံးသွားတာလဲဖြစ်ပါတယ်

သေဆုံးသူဟာ ကိုသားငယ် (ခ) ကိုစိုးနိုင်ဖြစ်ပြီး  သူ့ရဲ့အမျိုးသမီးကလည်း ထိခိုက်ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရအခြေအနေဖြစ်သလို အိမ်နီးနားချင်းက လေးဦးလည်း ဗုံးဆန်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့  သိရပါတယ်။

“ သူ့ယောက်ျားကတော့ အဲ့မှာပဲ ဆေးရုံမရောက်ခင် ဆုံးသွားတယ် ၊ ဝိုင်းမော်ဆေးရုံမရောက်ခင်ဆုံးသွားတာ၊ ဒဏ်ရာရတာ သူ့မိန်းမလဲ တော်တော်စိုးရိမ်ရတယ်။ သူ့ယောက်ျားက တိုင်းလေ(တႆးလိူဝ်ꩼ) ၊ ပီ(အစ်ကို) ရဲ့ညီမ ကတော့  တိုင်းလိုင်(တႆးလꧥင်)” ၎င်းက ဆက်ပြောပြပါတယ်။

ခတ်ချိုကျေးရွာအလယ်ပိုင်းရှိ  ဒေါ်ခင်မာသီ၏ နေအိမ်အတွင်းတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးက ဦးကျော်မြင့် အိမ် ခြုံစည်းရိုး ဒေါ်နန်းလွယ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိတဲ့ ခတ်ချိုကျေးရွာက ဦးဇင်းတစ်ပါးက ဆိုထားပါတယ်။

လက်ရှိမှာ ခတ်ချိုကျေးရွာအနား စစ်ကောင်စီတပ်များ တပ်စွဲထားတာရှိနေပြီး KIA+ PDF တွေနှစ် အပြန်လှန်ပစ်ခတ်တာတွေ ရှိနေကြကာ ဘယ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ဖြစ်တယ်ဆိုတာတော့ အတည်ပြုလို့ မရသေးပါဘူး။

ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းအချိန်မှာလည်း ခတ်ချိုကျေးရွာ သိမ်ကြီးစုရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့ကြောင့် တစ်ရက်အတွင်း ခတ်ချိုကျေးရွာမှာ လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးနှင့် နေအိမ် ၄ လုံး ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။

ခတ်ချိုကျေးရွာမှာ ရက်ပိုင်းအတွင်း ပေါက်ကွဲမှု ၄ ကြိမ်အထိဖြစ်ပွားခဲ့ကာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့မှာ  လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...