လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး

လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံး

လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ဈေးမှာ စစ်ကောက်စီလက်အောက်ခံဝန်ထမ်း နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့မှာ သေနတ်နဲ့ အပစ်ခံရပြီးနောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ လွိုင်ကော်မြို့ခံတွေဆီက သိရပါတယ်။

“နေ့လည်လောက်က အပစ်ခံရတယ် ကြားတယ်။ ဘာဖြစ်လို့ ပစ်တာလည်းတော့ မသိဘူး။” လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

သေဆုံးသွားသူနှစ်ဦးမှာ သတ္တုတွင်းဝန်ကြီးဌာနမှ ဒုညွှန်မှူး ဦးယဉ်ကျော်အောင်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြိုနယ်ဦးစီး အရာရှိ ဦးဇော်ငြိမ်းလတ် တို့ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူရဲ့ ရုပ်အလောင်းတွေကို တောင်ကြီးမြို့ကို ပြန်လည်သယ်ဆောင်သွားပြီး ဦးယဥ်ကျော်အောင်ရဲ့ ရုပ်အလောင်းကိုတော့ နေပြည်တော်ကို ဆက်လက်သယ်ဆောင်သွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ ပစ်ခတ်သွားသူမှာ မည်သူဖြစ်ကြောင်းကို ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ မသိရှိရသေးပါဘူး။လက်ရှိ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီက ဌာနဆိုင်ရာရုံးတွေကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က မှာကြားထားတယ်လို့ သိရပါတယ်။

လက်ရှိ လွိုင်ကော်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးက အခုလိုပြောပြပါတယ်။

“ဝန်ထမ်းအကြီးပိုင်းတွေကိုတော့ လုံခြုံရေး အာမခံပေးတာမျိုးရှိပေမဲ့ ၊ အောက်ခြေ ဝန်ထမ်းအတွက်တော့ မရှိဘူး ၊ ရာထူးပြောင်း လျှောက်လို့လည်းမရ ထွက်စာ တင်တော့လည်း မကျ ၊ ဝန်ထမ်းလုပ်ရတာလည်း တော်တော်ခက်ပါတယ်။ ” လို့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတချို့ အသတ်ခံရမှုကြောင့် ဝန်ထမ်း တချို့မှာ လွိုင်ကော်ကို ပြန်ဖို့ စိုးရိမ်နေကြသလို လွိုင်ကော်မြို့အတွင်း ရောက်နေသည့် ဝန်ထမ်းတွေလည်း လုံခြုံရေး အသက်အန္တရယ် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...