ဒီးမော့ဆိုအနောက်ခြမ်းတွင် စစ်ရေးပဋိပက္ခကြောင့် စာသင်ချိန်လျှော့ချရ

ဒီးမော့ဆိုအနောက်ခြမ်းတွင် စစ်ရေးပဋိပက္ခကြောင့် စာသင်ချိန်လျှော့ချရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ အနေများကြောင့် ကျောင်းသားများကို နေ့တစ်ပိုင်းသာ စာသင်ကြားပေးနေရကြောင်း ကျောင်းတာဝန်ရှိသူက ပြောသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အစောပိုင်းက နံနက်ပိုင်းမှ ညနေပိုင်းအထိ စာသင်ကြားပေးခဲ့သော် လည်း လုံခြုံရေးအခြေအနေကြောင့် ဇူလိုင်လ ဒုတိယပတ်မှစတင်ကာ နေ့တစ်ပိုင်းသာ သင်ကြားပေးနေခြင်း ဖြစ်ကြောင်း ကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းဆရာတစ်ဦးက “၁ နာရီစာလောက် လျှော့ထားတာပေါ့။ ပုံမှန် ၅ နာရီစာကနေ ၄ နာရီ လျှော့ချထား တယ်။ နေ့တစ်ဝက် ၄ နာရီစာပါ။ အရင်က ၅ နာရီစာ တစ်ရက်လုံးပါ” ဟု ပြောသည်။

သင်ကြားရေးပိုင်းတွင် စာသင်ချိန်လျှော့ချထားရခြင်းကြောင့် အချို့သင်ခန်းစာများ မပြီးပြတ်ဘဲ ချန်လှပ်ထားရမှု များ ရှိနေကြောင်း အဆိုပါ ကျောင်းဆရာက ဆက်ပြောသည်။

“အခြေအနေက ပိတ်သင့်တဲ့အချိန်က ပိတ်နေတယ်ဆိုတော့ သတ်မှတ်လပိုင်း သင်ရိုးမာတိကာနဲ့တော့ သွားလို့မှ အဆင်မပြေတာ။ ပြီးသလောက်ပဲ သင်ရမှာပဲ။”

ကျေးရွာအနီးအနားသို့ စစ်တပ်က လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် လုံခြုံရေး အရ စာသင်ကျောင်းများတွင် ပုံမှန်စာသင်ကြားမရတော့ဘဲ နေအိမ်များတွင် ပြောင်းရွှေ့သင်ကြားနေရသည်။

လက်နက်ကြီးသံများကို မကြာခဏ ကြားနေရခြင်းကြောင့် ကျောင်းသားအချို့မှာ ကြောက်လန့်ကာ သင်ကြား ရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းလာနေသည်ဟု ကျောင်းသားမိဘများက ဆိုသည်။

ကျောင်းသားမိဘတစ်ဦးက “ကျောင်းတက်နေရင်းနဲ့မှ လက်နက်ကြီးဘေး၊ လေယာဉ်ဘေး ကြောက်ကြောက်နဲ့ ပေါ့နော်။ ရင်တထိတ်ထိတ်နဲ့ ကျောင်းတက်နေရတဲ့ အခြေအနေပေါ့နော်။ ကလေးအတွက် တအား စိတ်ဒဏ်ရာ ဖြစ်စေတယ်။ သူတို့က စာကို စိတ်ဝင်စားမှု မရှိတော့ဘူး။ စာကို တတ်ရင်ပြီးရောဆိုတဲ့ စိတ်နဲ့ သူတို့သင်ယူကြ တာ များတယ်” ဟု ပြောသည်။

သင်ကြားရေးပိုင်းကို မနှောင့်နှေးစေရန် နေအိမ်များတွင် အဆင်ပြေသလို စာသင်ကြားနေရပြီး ကျောင်းသုံး ဝှိုက်ဘုတ် (Whiteboard) များ လိုအပ်နေဆဲဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါကျောင်းသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် KG တန်းမှ Grade-8 အတန်းအထိ ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား ၁၄၆ ဦးကို ဆရာ၊ ဆရာမ ၁၀ ဦးက ပညာသင်ကြားပေးလျက်ရှိသည်။

Most read this week

July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...
July 20, 2026
ဒေသတွင်း တိုက်ပွဲများကြောင့် ကရင်နီပြည်၊ ဘောလခဲမြို့ပေါ်မှ တိမ်းရှောင်ခဲ့ရသည့်...
July 17, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်...