မိုးညှင်းမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးတစ်ဦးသေဆုံး

မိုးညှင်းမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးတစ်ဦးသေဆုံး

မိုးညှင်းမြို့ပေါ်ရှိ  ဟဲလုံကျေးရွာအုပ်စု ပျော်ဘွယ်ကျေးရွာ နှင့် ဗောဓိကုန်းရွာကြားရှိ ကြံခင်ကုန်းကျေးရွာတွင် စစ်ကောင်စီနှင့် အမည်မသိရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ကျောင်းသားတစ်ဦးကျည်ထိမှန်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃ ရက်နေ့ည ၈ နာရီခွဲအချိန်မှာ  ကြံခင်းကုန်းကျေးရွာကြားရှိ  နေအိမ်တစ်ခုအတွင်းမှာ လူငယ်တစ်စုရောက်ရှိနေတယ်လို့ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးဖို့ ဝန်းရံလာချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့  ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

“ သူတို့တွေက အိမ်ငှားတွေ တာမခံသိမ်းခံရပြီးတဲ့နောက် လာနေထားတာတဲ့ အဲ့တာ လူငယ်လေးတွေ ဝင်လိုက်ထွက်လိုက်နဲ့ ရှိနေတာ။ အပြင်ထွက်ရင်လည်း မက်(Mask) တပ်ပြီးထွက်ကြတာ၊ ဧည့်စာရင်းလည်းဘာလည်းမတိုင်ဆိုလား၊ အဲ့မှာ စအဖ လား စစ်သားလားမသိဘူးသွားပြီးတော့ ဝိုင်းတာ  အထဲကနေ ပစ်ခဲ့လိုက်တာ ၊ ပြီးတော့ အဲ့ဒီအနောက်က ဝါးတောထဲကနေ ပြေးထွက်သွားကြလိုက်တာလို့" မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက အိမ်ကို ဝိုင်းဝန်းနေချိန်မှာ နှစ်ဖက် အပြန်လှန် ပစ်ခတ်မှုတွေရှိခဲ့ပြီး လက်ပစ်ဗုံး နှစ်လုံး အသုံးပြုမှုရှိခဲ့တယ်လို့သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ကျောင်းနေစ ကလေးငယ်တစ်ဦး သေဆုံးကာ  စိုးရိမ်ဒဏ်ရာရသူတစ်ဦးက အရေးပေါ်ဆေးရုံ ပို့ဆောင်ထားရတယ်လို့လဲ သိရပါတယ်။   

“ပစ်ခတ်မှုဖြစ်ပွားတဲ့အိမ်ရဲ့ဘေးက မြေးလေး၊ ကလေးလေးပဲ ၊ ဒီနှစ်မှကျောင်းအပ်တာနော် ၊ မနေ့ကမှ ကျောင်းတစ်ရက်ပဲ တက်ရသေးတယ်ထင်တယ်၊ အဲ့ဒါ ကျည်မှန်ပြီး ဆုံးသွားတယ်၊ ပြီးရင် ဘေးအိမ်ကလဲ အရေးပေါ်အခြေနေ ဆေးရုံပို့ထားရတယ်ကလေးတစ်ယောက်က အဲ့ဒါလဲ ဆုံးပြီလိုလို မဆုံးသေးဘူးလိုလို ကြားနေရတယ်” လို့  မိုးညှင်းမြို့ခံ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

သေဆုံးသူ နဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ သားအဖ တော်စပ်သူတွေဖြစ်ကြပြီး လက်နက်သံကြားတာကြောင့် အိမ်အောက်ကို ပြေးဆင်းခဲ့စဉ် ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ  စစ်ကောင်စီတပ်များ၊ ပြည်သူ့စစ်များ၊ KIA+PDF ပူးပေါင်း တပ်ဖွဲ့များအပါအဝင်  အခြားသော အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေကြပါတယ်။

April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...
April 7, 2026
မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စက်သုံးဆီတွေကို ခွဲတမ်းနဲ့အလှည့်ကျဝယ်ယူနေရချိန်...