ဖလမ်းမြို့ပြည်သူများ ဘဏ်အပ်ငွေထုတ်ယူမှုများလာ၊ ဘဏ်က အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေး

ဖလမ်းမြို့ပြည်သူများ ဘဏ်အပ်ငွေထုတ်ယူမှုများလာ၊ ဘဏ်က အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေး

ချင်းပြည်နယ် ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာမည်ကို စိုးရိမ်ကြသောကြောင့် ဒေသခံပြည်သူများ ဘဏ်တွင် ငွေထုတ်ယူမှုများလာပြီး လိုသလောက်ထုတ်ယူ၍မရဘဲ ဘဏ်က အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေသည်ဟု သိရသည်။

လွန်ခဲ့သော တစ်ပါတ်ခန့်မှစ၍ ဖလမ်းမြို့ပေါ်က ကမ္ဘောဇဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် နေ့စဉ်နှင့်အမျှ ငွေထုတ်ယူသူများလာပြီး တစ်ခါထုတ် ကျပ် ၁၀ သိန်းသာ ထုတ်ပေးနေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အစက ၃ ရက်လောက်တော့ လိုသလောက်ထုတ်ပေးတယ်။ နောက်တော့ တစ်ခါထုတ် ၁၀ သိန်းရတယ်၊ ဒါပေမဲ့ တစ်ပါတ်ကြိုတင်စာအုပ်ထပ်ရတယ် ပြီးမှ ထုတ်ပေးတာ အဲဒီ ၁၀ သိန်းထုတ်ပေးဖို့ ၂ ပတ်စောင့်ရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းက ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် တီးတိန်မြို့တွင်လည်း မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာခဲ့သည်။

ထိုကဲ့သို့အခြေအနေကြောင့် ဖလမ်းမြို့တွင်လည်း မြို့သိမ်းစစ်ဆင်ရေးများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသောကြောင့် ဘဏ်အပ်ငွေများကို ထုတ်ယူကာ အခြားဒေသများသို့ ကြိုတင်ပြောင်းရွှေ့သူများလာသည်ဟု သိရသည်။

“အမျိုးတွေဆို အကုန်လုံးထုတ်ကြပြီ၊ မြို့သိမ်းတိုက်ပွဲလုပ်မယ်ဆိုလို့ ထုတ်ကြတာ၊ ပြီးတော့ တီးတိန်၊ တွန်းဇံလို မီးလောင်သွားမှာစိုးလို့ ဘဏ်ကနေ ထုတ်ခိုင်းတာလို့ပြောတယ်။ အခုလဲ တချို့က ပစ္စည်းဟိုသယ်ဒီသယ် လုပ်နေကြတာ။ ဘယ်လိုလုပ်ရမလဲမသိဘူး” ဟု ဖလမ်းမြို့ကအိမ်ရှင်မတစ်ဦးက ပြောသည်။

လက်ရှိ ဖလမ်းမြို့တွင် ဒေသခံများအချို့မှာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသူများရှိသလို ရွာဘက်သို့ စစ်ဘေးရှောင်သူများလည်းရှိကာ အချို့မှာ ဘာလုပ်ရမည်မှန်းမသိဘဲ ကျန်ရစ်နေသူများလည်းရှိကြောင်း သိရသည်။

ဖလမ်းမြို့လူမှုရေးအသင်းကတော့ မေလ ၃၁ ရက်နေ့က ဖလမ်းမြို့မိ/မြိုဖများနှင့် ဒေသခံပြည်သူများအား ခေါ်ယူတွေံဆုံကာ ကောလဟာလသတင်းများကြောင့် မြို့ကိုစွန့်ခွါ၍ စစ်ဘေးရှောင်တိမ်းမှုများ မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...