မတူပီခရိုင်ရုံးကို CDF မတူပီ၊ Vakok တပ်ရင်းက သိမ်းပိုက်

မတူပီခရိုင်ရုံးကို CDF မတူပီ၊ Vakok တပ်ရင်းက သိမ်းပိုက်

ချင်းပြည်နယ်၊ မတူပီမြို့ ခရိုင်ရုံးက စစ်ကောင်စီစခန်းကို CDF – မတူပီ၊ တပ်မဟာ – ၂၊ Vakok တပ်ရင်းက ယနေ့ မနက်ပိုင်းမှာ အပြီးသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ မေလ ၃၀ ရက် မနက်အစောပိုင်းတွင် CDF – မတူပီ၊ တပ်မဟာ – ၂၊ တပ်ရင်း – ၂ (Vakok တပ်ရင်း) က စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၁၀ နာရီခန့်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း Vakok တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“တိုက်ပွဲကတော့ ပထမအစီအစဉ်အနေနဲ့ ကျနော်တို့ ထိန်းချုပ်ဧရိယာအတွင်းက စစ်ကောင်စီရဲ့ စခန်းတွေကို အကုန်သိမ်းပိုက်ဖို့ အရင်ကတည်းက ဆွဲထားတာ ရှိပါတယ်။ အဲဒီအစီအစဉ်ကို ကျနော်တို့ အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေဖြစ်ပါတယ်။ ပြီးရင် ဆက်လက်ပြီးတော့ စခန်းတွေကိုလည်း ဆက်လက်သိမ်းပိုက်ဖို့ ရှိတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ခရိုင်ရုံးသိမ်းတိုက်ပွဲတွင် တပ်ရင်း – ၂ မှ ရဲဘော်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေအနေများကို မသိရသေးကြောင်း သိရသည်။

မတူပီ-ဟားခါးလမ်းမပေါ်ရှိ မတူပီခရိုင်ရုံးတွင် အမာခံတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိုးအိမ်အဆောက်အဦးရုံးသို့ ဆုတ်ခွာ၍ ခုခံတိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိတွင် ဖနိုင်ကျေးရွာဘက်သို့ ထွက်ပြေးနေသောကြောင့် CDF – မတူပီ၊ တပ်ရင်း ၂ က လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားမှာ ဖြစ်ပြီးတော့ ကျနော်တို့ နယ်မြေထဲက တပ်စခန်းတွေ အကုန်လုံးကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ဖို့ ရှိတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ကျနော်တို့ Vakok တပ်ရင်းကို ဆက်လက် ထောက်ပံ့ပေးကြဖို့ ၊ ကျနော်တို့ သတိပေးချက်တွေကို လိုက်နာပေးကြဖို့ ထပ်မံပြောကြားချင်ပါတယ်” ဟု တပ်ရင်း – ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF – မတူပီ၊ တပ်ရင်း – ၂ သည် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် တိုက်ပွဲအတွင်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ၍ ဝိုင်းဝန်းပံ့ပိုပေးကြရန် မေတ္တာရပ်ခံထားသည်။

June 11, 2026
အာဏာသိမ်းစစ်တပ်၏ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်ခံနေရသော မင်းတပ်မြို့ခုခံကာကွယ်စစ်အတွက် ရပ်နီး၊...
June 10, 2026
ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်...
June 9, 2026
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်း၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင်...
June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာ ၃ ရွာက လူငယ်အမျိုးသား၊ အမျိုးသမီး ၄၀...