တီးတိန်မြို့မီးလောင်မှု အိမ်ခြေ ၃၀ ကျော် ပြာကျ

တီးတိန်မြို့မီးလောင်မှု အိမ်ခြေ ၃၀ ကျော် ပြာကျ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ မေလ (၂၇) ညနေပိုင်းမှာ မီးရှို့ခဲ့မှုကြောင့် နေအိမ် ၃၀ ကျော် ပြာကျခဲ့ရသည်ဟု သိရသည်။

တီးတိန်မြို့ မြို့မရပ်ကွက် နာရီစင်အနီးက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ညနေပိုင်း ၄ နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၆ နာရီခန့်တွင်တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်မည့်သူမရှိဘဲ တစ်အိမ်ပြီးတအိမ် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ မနေ့ညကလည်းထပ်ရှို့တာ အိမ်လည်းမီးထဲပါသွားပြီ၊ ကျွန်တော်တို့ အိမ်နားတလျှောက် အကုန်လုံးပြာကျတယ်၊ တကယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူးသူတို့ကို ဘာမှလုပ်တာမဟုတ်ဘူး၊ သူတို့ ရှို့ချင်တဲ့ အိမ်တွေကို ရှို့တယ်၊ မနေ့ည မိုးအရမ်းရွာတော့ မီးကငြိမ်းသွားတယ်၊ ဒါပေမယ့် အိမ်သုံးဆယ်ကနေ လေးဆယ်အထိလောင်သွားတယ်” ဟု မြို့မရပ်ကွက်က နေအိမ်မီးထဲပါသွားသော ဒေသခံတစ်ဦးကပြောသည်။

နေအိမ်များ အကြီးအကျယ်မီးလောင်ကျွမ်းသည့် ရုပ်ပုံများ လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့မြင်ခဲ့ကြရပြီး ကံကောင်းထောက်မစွာ မိုးရွာသွန်းမှုကြောင့် ညသန်းခေါင်ယံအချိန်ခန့်တွင် အလိုအလျောက် မီးငြိမ်းသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မီးလောင်မှုကြောင့် မြို့မရပ်ကွက်တွင်ရှိသည့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် နှစ်ထပ်တိုက်အိမ်၊ ပျဉ်ထောင်အိမ် အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်တပ်ဖွဲ့က ဖော်ဆောင်လျှက်ရှိပြီး မေလ ၂၆ ရက်ညပိုင်းကစ၍ တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်စခန်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်စွဲထားသော မိုက်ခရိုဝေ့စ်နှင် နတလ တို့ကို သိမ်းပိုက်ထားပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ သိရသည်။

တီးတိန်မြို့တိုက်ပွဲကြောင့် ဒေသခံပြည်သူအားလုံးနီးပါးသည် ကလေးမြို့နှင့် အနီးအနားကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး‌ ယခုလက်ရှိ စစ်ရေးအခြေအနေမှာ ငြိမ်သက်နေကြောင်း သိရသည်။

ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...