မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြန်

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြန်

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ မောရဝတီစခန်းနှင့် လေးမိုင် နခခ(၂)မှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေလ ၁၈ ရက်က ထွက်ပြေးခိုလှုံသွားကြောင်း သိရသည်။

“အဲဒီစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်ကောင်စီက နေ့တိုင်းလိုလို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်။ အဲဒီစခန်း ၂ ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထွက်ပြေးသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အများအပြားမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံမှုများ ရှိနေသည်။ ယခုလ အစောပိုင်းကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၂ ဦးမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံသွားခဲ့သည်။

နိုင်ငံရေးသုံးသပ်သူတစ်ဦးက “မောင်တောမှာ အခုဆိုရင် စစ်ကောင်စီက AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံနေရတယ်။ တိုက်လို့မနိုင်ရင် ဘင်္ဂလားဒေ့ရှ်မှမဟုတ်ဘူး၊ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ နိုင်ငံတိုင်းကို ထွက်ပြေးနေကြတာပဲ။ အဲလိုထွက်ပြေးနေတော့ စစ်ကောင်စီတပ်ရဲ့ စွမ်းရည်နဲ့သိက္ခာကို ဘယ်အိမ်နီးချင်းနိုင်ငံကမှ အထင်ကြီးတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။

မောင်တော နယ်စပ်တိုက်ပွဲများအတွင်း ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၇၅၀ ကျော်ရှိလာသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက စစ်ကောင်စီထံ ပြီးခဲ့သည့် ဧပြီ ၂၅ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

အလားတူ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်ရောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်အပါအဝင် ၃၃၀ ဦးကို စစ်ကောင်စီထံ လွှဲပေးခဲ့သည်။

လက်ရှိတွင် မောင်တောမြို့ရှိ နခခ(၁) ကျီးကန်းပြင်ဌာနချုပ်၊ နခခ(၇) ကြိမ်ချောင်း၊ နခခ(၁၀) လှဖိုးခေါင် စခန်း တို့ကို AA က သိမ်းပိုက်ထားသည်။ ကျန်ရှိနေသေးသည့် နခခ(၂) လေးမိုင်၊ နခခ(၄)မောရဝတီ၊ နခခ(၅) မြို့သူကြီး၊ နခခ(၆)အင်းဒင်၊ နခခ(၉) မြင်းလွှတ်ရဲတပ်ရင်းတို့ကို AA က ထိုးစစ်အရှိန်မြှင့်၍ တိုက်ခိုက်နေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...